Chapter 144- Kicking Ass Good 2

2.9K 580 13
                                    

Unicode.

ဟောပိုင်က တစ်ဝက်ပေါ်နေသော ထိုလူ၏ မျက်နှာကို သေချာကြည့်ရင်း မြင်ဖူးသလိုလိုရှိပေမဲ့ ဘယ်နားမှာ မြင်ဖူးမှန်း သေချာမမှတ်မိ။

" တည်နေရာက ခက်ရင်းခွလေးနားမှာ ရပ်သွား... အော် အော် လှုပ်လာပြန်ပြီ.. ညာဘက်ကို.."
လီရုက ရုတ်တရက်အသံမြှင့်ကာ အော်လိုက်သည်။ ထို့နောက် ကြောင်သွားပြန်၏။
" ဘာလို့ သူခိုးက  laptop ကို ဒီဘက်ကို ယူလာရတာလဲ.. ရောင်းချင်တယ်ဆိုရင် ဘယ်ဘက်ကို သွားရမှာလေ"

" ဘာလို့ ဒီလမ်းကြောင်းပြောင်းလဲ ဂရုစိုက်စရာမလိုဘူး.. ရပ်သွားရင် ပိုတောင်ကောင်းဦးမယ်.. ကျွန်တော်တို့ သူ့ကို မိတော့မှာ"
နျို့ကျွင်းကျယ်က စိတ်လှုပ်ရှားနေကာ လီဗာကို ဆောင့်နင်းပြန်သည်။

ဟောပိုင်က တည်နေရာကို နောက်တစ်ခါထပ်ကြည့်၍ စောစောက ရိုက်ထားသော ပုံကို သေချာကြည့်နေ၏။ ဒီသူခိုးကောင်က ဘာလို့ သူများ weibo ထဲ ဝင်ဖို့ ကြိုးစားရတာလဲ.. ခုနက ရပ်လိုက်တာလဲ မတော်တဆလား ဒါမှမဟုတ် သူ့နောက်လိုက်လာတာသိလို့ တစ်ခုခု ထပ်ကြံစည်မလို့လား..

သူတွေးနေတုန်း နျို့ကျွင်းကျယ် ဖုန်းက ရုတ်တရက် ထမြည်လာသည်။ တစ်ဖက်ဖုန်းမှ ရဲတစ်ယောက်၏ အသံထွက်လာ၏။
"  သူခိုးက ဟွိုင်ရမ်းလမ်းထဲက ရဲစခန်းမှာ သွားအဖမ်းခံတယ်တဲ့ သူပြောတာက ဟောပိုင်က သူ့ကို အရမ်းအနိုင်ကျင့်လို့ laptop တွေ ခိုးတာတဲ့ ကားမောင်းပြီး ထွက်ပြေးနေရင်းနဲ့ နောင်တရလာလို့ laptop တွေ အကုန်လုံးကိုယူပြီး နီးစပ်ရာ ရဲစခန်းမှာ ဝန်ခံလိုက်တယ်လို့ပြောတယ်"

ကားထဲရှိလူများအားလုံး အံ့သြသွားကြသည်။ အဲ့လိုဆင်ခြေနဲ့ လူတွေကို အရူးလုပ်လို့ရမတဲ့လား...

ဖုန်းချပြီးပြီးချင်း ဟောပိုင်က ပြောလိုက်သည်။
" ဓာတ်ပုံထဲက လူကို သိတောင်မသိတာ ကျွန်တော်က သူ့ကို ဘာလို့ အနိုင်ကျင့်ရမှာလဲ"

ချန်ကျဲက မျက်မှန်ကို ပင့်တင်ကာ အခြေအနေကို သုံးသပ်သည်။
" ပုံရဲ့ နောက်ခံအရဆိုရင် အဲ့ဒီ့လူက ကားနောက်ခုံမှာ ထိုင်နေတာ မောင်းတဲ့သူက တစ်ယောက်သက်သက်.. အဲ့ဒီ့တော့ သူခိုးက အဖော်ပါရမယ်.. ငါတို့ကို ​ခြိမ်းခြောက်လိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့တော့ မဖြစ်နိုင်ဘူး.. သူ့ပစ်မှတ်က ရှင်းနေတာပဲ ရှောင်ပိုင်ရဲ့ laptop ထဲက တစ်ခုခုကို လိုချင်နေတာ"

OUR ( One Useless Rebirth) 2Where stories live. Discover now