Chapter 154 - Deal 2

2.8K 597 14
                                    

Unicode

နျို့ရှုန်းက ထိုစကားကြောင့် ပို၍ပင် သဘောကျသွားကာ စာချုပ်ကိုသိမ်း၍ စကားထပ်ပြောဖို့ ကြံစည်နေစဥ် နျို့ကျွင်းကျယ်တစ်ယောက် ပြတင်းပေါက်မှ ချောင်းကြည့်နေကာ ပြုံးပြနေသည်ကိုမြင်လိုက်ရသည်။ နျို့ရှုန်းက စိတ်ဆိုးနေဟန်ဆောင်ကာ ကြည့်လိုက်ပြီး အသံမြှင့်ကာ မေးလိုက်သည်။
" အဲ့မှာဘာလုပ်နေတာလဲ.. ရှောင်ပိုင့်ကို ငါတို့က ဝါးစားမှာမို့လို့လား.. ကဲ ဒီနေ့တော့ ဒီလောက်ပဲပေါ့.. ငါတို့လို လူအိုကြီးတွေနဲ့ အချိန်မဖြုန်းနဲ့တော့"

နျို့ကျွင်းကျယ်က ချက်ချင်းပြေးဝင်လာကာ ဟောပိုင်ကို အတင်းဆွဲထူ၍ သူ့မိဘတွေကို နှုတ်ဆက်ကာ အပြင်ဆွဲခေါ်သွားတော့သည်။

" ပိတ်ရက်က ဒီလောက်တန်ဖိုးရှိတာ .. သူတို့နှစ်ယောက်ချစ်တာကြည့်ပြီး ခွေးစာပဲ ထိုင်မစားနိုင်ဘူး"
နျို့ကျွင်းကျယ်က ဟောပိုင်ကို ကားထဲအတင်းသွတ်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" လာ.. ငါ မင်းကို ကျင်းကျန်ရပ်ကွက်ကို ခေါ်သွားမယ်.. အစက ပြောထားသလိုပဲ.. မင်း ငါ့ကို ကြော်ညာရိုက်ပေးတယ်ဆိုတော့ မင်းကို ငါ အိမ်လိုက်ပြမယ်"

ဟောပိုင်က အိမ်ဝယ်ရန် အတော်စိတ်လောနေသောကြောင့် ချက်ချင်းခေါင်းညိတ်ကာ ထိုင်ခုံခါးပတ် ပတ်လိုက်သည်။

ကျင်းကျန်အိမ်ရာကို မျက်စိတစ်မှိတ်အတွင်း ရောက်လာကာ ဟောပိုင်က တိချိုးဟယ်နှင့် နျို့ကျွင်းကျယ် ကားမောင်းစကေးကို ယှဥ်ကာ နျို့ကျွင်းကျယ်ကို စိတ်ထဲက ချီးကျူးလေသည်။

" ငါ့ဦးလေးချန်ထားခဲ့တဲ့ ဗီလာတွေက တောင်ဘက်တံခါးနဲ့ နီးတယ်.. တောင်ဘက်ဂိတ်ကထွက်ရင်  ပန်းခြံရဲ့ ဘေးတံခါးကို တန်းရောက်တယ်လေ.. တိတ်လဲ တိတ်ဆိတ်တယ် .. မြောက်ပိုင်းမှာကျတော့ ပန်းခင်းရယ် ရေတံခွန်ရယ် ပန်းခြံသေးသေးလေးတစ်ခု ရှိသေးတယ်.. ရေတံခွန်းဘေးက ဓာတ်လှေကားတွေ ရှိသေးတယ်.. အဲ့ဒါကပဲ အသံတွေကို မဝင်စေတာပေါ့ "
နျို့ကျွင်းကျယ်က ဗီလာရှေ့တည့်တည့်တွင် ရပ်ကာ တန်းစီကာ ဆောက်ထားသော တခြားဗီလာအသေးလေးတွေကိုပါ ပြသည်။
" အဲ့ဒီ့ဗီလာလေးတွေကို ဆွေမျိုးတွေအတွက် ဦးလေးက ချန်ခဲ့ပေးတာလေ.. မင်း ဝယ်ပြီးရင် ပရိဘောဂတချို့ ဝယ်ပြီးတာနဲ့ တန်းနေလို့ရပြီ"

OUR ( One Useless Rebirth) 2Where stories live. Discover now