Chapter 141 - အဆောင်သူခိုး 3

10.8K 689 24
                                    

Unicode

ဟောပိုင်က သူမအတွက် ရေဖြည့်ပေးလိုက်ရင်း ခေါင်းရမ်းသည်။
" အခု Saint Elephant ဆိုတာ မရှိတော့ပါဘူး"

လီရု အံ့သြသွားသည်။
" ဘယ်လိုဖြစ်သွားတာလဲ"

ဟောပိုင်က သက်ပြင်းချကာ အကြောင်းစုံ ရှင်းပြသည်။
" မမလီ ထွက်သွားပြီးတော့ Saint Elephant က အခြေအနေက ပိုပိုပြီး ရှုပ်ထွေးလာတယ်... မာရှင်းထုံက သူ့သိက္ခာဆယ်မရအောင်ဖြစ်သွားတော့ မာချွင်ကိုခေါ်ပြီး Saint Elephant က ထွက်သွားတယ်.. အခု B မြို့နဲ့ အလှမ်းဝေးတဲ့ မြို့တစ်မြို့မှာ ဓာတ်ပုံဆိုင်ဖွင့်နေတယ်တဲ့... သူ ထွက်သွားတော့ Saint Elephant လဲ ဓာတ်ပုံဆရာကောင်းကောင်းရှာမတွေ့တာနဲ့ သူတို့လုပ်ငန်းတဖြည်းဖြည်းကျလာတယ်.. နောက်ကျတော့ သူတို့သူဌေးမှာ ပြဿနာတစ်ခုရှိလို့ဆိုလား Saint Elephant ကို ရောင်းလိုက်တာ"
Saint Elephant သူဌေးက သူ့ကို နာမည်ဖျက်ဖို့ ကြံစည်ခြင်းကိုတော့ လီရုစိတ်မကောင်းမည်စိုး၍ ဖွင့်မပြောလိုက်။

" ရောင်းတောင် ရောင်းသွားတာလား"
လီရုက ထိုင်ခုံပေါ်မှီရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသည်။ ထို့နောက် လက်ဖက်ရည်ကို တစ်ငုံမော့ကာ ခါးသက်သက်ပြုံး၏။
" အမထင်သားပဲ သူ့လိုလူမျိုးက Saint Elephant ကို မဦးဆောင်နိုင်ဘူးလို့.. ဒါပေမဲ့ ရောင်းလိုက်မယ်လို့တော့ အမ မထင်ထားဘူးလေ.. ထားလိုက်ပါတော့ ရောင်းလိုက်တော့ ပိုကောင်းတာပေါ့လေ.. Saint Elephant က အဲ့လိုလူရဲ့ လက်အောက်မှာ ရှိနေတာထက်စာရင် .. အဲ့ဒီတော့ အခု Saint Elephant ကို ဘယ်သူဝယ်လိုက်တာလဲ မင်းသိလား"

ဟောပိုင်က လီရု အဆင်ပြေသွားသည်ကိုမြင်၍ နှစ်သိမ့်စကားမပြောတော့ပဲ ပြန်ဖြေသည်။
"ကြားထဲမှာ နှစ်ယောက်လောက် ပြောင်းသွားသေးတယ် နောက်ဆုံး Red Guest ဓာတ်ပုံတိုက်က ဝယ်လိုက်တာဗျ... သူကတော့ ပြန်မရောင်းတော့ဘူးနဲ့တူတယ်"

" Red Guest??"
လီရုက အနည်းငယ် အံ့အားသင့်သွားပုံရ၏။
" Red Guest သူဌေးဆိုရင်တော့ မဆိုးပါဘူး.. သူက တော်တော်ငယ်သေးတယ်လို့​တော့ကြားတယ် ဒါပေမဲ့ အရည်အချင်းလဲ ရှိတယ် အဆက်အသွယ်လဲ ကောင်းတယ်တဲ့.. သူ့လက်အောက်မှာဆို Saint Elephant အဆင်ပြေမှာပါ"

OUR ( One Useless Rebirth) 2Where stories live. Discover now