Chapter 236 - Huadiao Wine 3

2.4K 424 8
                                    

Unicode

သူတို့အခန်းထဲ ပြန်ဝင်ခါနီးတွင် ချိန်ဖေကျုံးလက်ထောက်၏ ဖုန်းမြည်လာသည်။ ချိန်ဖေကျုံးက ဖုန်းသံကို နားစွင့်ရင်းက စိတ်လှုပ်ရှားနေသဖြင့် ချင်းလီလက်ကို ဆုပ်ကိုင်ထားမိသည်။

" ကောင်းတာပေါ့ဗျာ.. ဟုတ်.. ဟုတ်.. "
ချိန်ဖေကျုံးလက်ထောက်က ဖုန်းချပြီးနောက် သူ့ကို ​ပျော်ရွှင်စွာ သတင်းပို့သည်။
" မင်းသမီးလေး အခုပဲ မွေးပါပြီတဲ့... ၆ ပေါင် ၆အောင်စတောင် ရှိတယ်တဲ့ဗျ.. ကံကောင်းလိုက်တဲ့ ဂဏန်းလေး.. ခနနေရင် ဗီဒီယိုရိုက်ထားတာ ပို့လိုက်မယ်တဲ့"

စိတ်လှုပ်ရှားမှုကြောင့် တောင့်တင်းနေသည့် ချိန်ဖေကျုံး၏ ကိုယ်မှာ အခုမှ နေသာထိုင်သာရှိသွားသည့်နှယ် ပြေလျော့သွား၏။
" ကဲ.. အားလုံးပဲ ကျုပ်နဲ့အတူ လာသောက်ကြ"

ဒေါက်တာဟွမ်ကလဲ ပြုံး​ပျော်စွာဖြင့် ဝိုင်ပုလင်းကို သိမ်းရန်ပြင်နေသည့် အလုပ်သမားကို ပြန်ခေါ်ကာ ချိန်ဖေကျုံးအတွက် ဝိုင်တစ်ခွက်ငှဲ့ပေး၍ ဂုဏ်ပြုစကားဆိုသည်။

ချိန်ဖေကျုံးကလဲ ဝိုင်ကို တစ်ကျိုက်ထဲ မော့ကာ သူ့လက်ထောက်ကို ဗီဒီယိုအကြောင်းမေး၍ ပြုံးရွှင်နေ၏။

ချင်းလီမှာတော့ ထိုအုပ်စု၏ လျစ်လျှူရှုထားခြင်းကို ခံနေရသည်။ ဘာတွေဖြစ်လို့ ဖြစ်နေမှန်းမသိပေမဲ့ တစ်စွန်းတစ်စ ကြားရသည်များကြောင့် ရင်တွေပူလာ၍ မေးလိုက်သည်။
" ဖေကျုံး.. ဘာအတွက် ဂုဏ်ပြုနေကြတာလဲ.. ကျွန်မ နားမလည်နိုင်တော့.."

" ဟား ဟား .. ကိုယ့်ရဲ့သမီးလေး မွေးဖွားတာကို ဂုဏ်ပြုနေကြတာလေ.. လာ လာ မင်းလဲ တစ်ခွက် လာသောက်"
ချိန်ဖေကျုံးက သူမကို သေချာကြည့်ကာ ဝိုင်ငှဲ့ပေးလိုက်သည်။ ပျာယာခတ်နေသည့် သူမအမူအရာကိုမြင်တော့ ပို၍တောင် ဟက်ဟက်ပက်ပက် ရယ်နေသည်။

ချင်းလီက ခြေတစ်လှမ်းနောက်ဆုတ်ကာ မျက်လုံးများကို ပွတ်သပ်ကြည့်သည်။ ချိန်ဖေကျုံးနှင့် တစ်ဖွဲ့လုံးက သူမကို ကြည့်ကာ လှောင်ရယ်နေကြသည့်အတွက် ချင်းလီမျက်စိမျက်နှာ ပျက်နေသည်။
" ရှင် ကျွန်မကို နောက်နေတာမဟုတ်ဘူးလား.. ချိန်ဖေကျုံး.. ရှင်က သေပဲသေတော့မယ်.. ဘယ်က သမီးကို မွေးမှာလဲ... ရှင် ကျွန်မကို လိမ်နေတာမဟုတ်ဘူးလား"

OUR ( One Useless Rebirth) 2Where stories live. Discover now