Chapter 252 - အိမ်ပြေး 2

1.7K 331 3
                                    

Unicode

ထိုနေ့မနက်က ဟောပိုင် တကယ် နေမကောင်းဖြစ်ခဲ့သည်။ သာမန်ဖျားနာချိန်တွင် နှာစေးရုံလောက်သာဖြစ်သော်လဲ အခုတစ်ခါတွင်တော့ ခေါင်းမူးကာ အန်ပါ အန်ချင်နေ၏။

တကယ်တော့ အိမ်ကထွက်ပြေးရသည့်အကြောင်းက ဒီကိစ္စကြောင့် အဓိကဖြစ်၏။ သူ ဖျားနေတယ်ဆိုပါက တိချိုးဟယ်မှာ ရှိသမျှအလုပ်အကုန်ပစ်ချကာ သူ့နားတွင်သာနေမည့်သူဖြစ်သည်ကို ဟောပိုင်ကောင်းကောင်းသိသည်။ Cheng's Army အတွက် ဆုပေးပွဲက မဝေးတော့သည့်အပြင် တိချိုးဟယ်ကိုပါ အဖျားမကူးစေချင်။

ထို့ကြောင့် တိချိုးဟယ် အလုပ်ကိုသာ အာရုံစိုက်နိုင်အောင် အိမ်မှထွက်ခဲ့ခြင်းဖြစ်၏။ တခြားနည်းလမ်းလဲ စဥ်းစားလို့မရတော့ပေ။

" ပြဿနာမရှိပါဘူး.. မင်းကို ဒီကနေအမြဲကြိုဆိုပြီးသားပါ"
ကျန်းရှိုးဝမ်က ဟောပိုင်ခွက်ထဲ ရေနွေးထပ်ဖြည့်ပေးကာ နည်းနည်းတော့ မျက်မှောင်ကြုံ့လိုက်သေးသည်။
" ဒါနဲ့ ချိုးဟယ်ကို မင်းဖျားနေတဲ့အကြောင်း တကယ်မပြောတော့ဘူးလား.. မင်းကို ဂရုစိုက်ပေးမဲ့သူတော့ လိုသေးတာကို"

" ရပါတယ်ဗျ.. ကျွန်တော် နေသာပါတယ်.. ခဏနေရင် ဆေးခန်းသွားမှာပါ"
​ဟောပိုင်က ရေခွက်ကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ရင်း ချီတုံချတုံနှင့် မေးလိုက်သည်။
" ချိုးဟယ်က... ဒီလိုပဲ... ဘာမှမဟုတ်တော့ပါဘူး.. ဒီနေ့အတွက် ကျေးဇူးပဲနော်"

ဟောပိုင် ဘာမေးချင်နေသည်ကို ကျန်းရှိုးဝမ် နားလည်လိုက်သော်လဲ ဘာမှမပြောပဲ ပြုံးသာ ပြုံးပြလိုက်သည်။
" ရပါတယ်ဗျာ.. ကျွန်တော့်လက်ထောက်ကို ခင်ဗျားနဲ့ ထည့်ပေးလိုက်မယ်.. ဆေးခန်းလိုက်ပြပြီးရင် နေ့လည်စာ စားလိုက်ဦးနော် "

" ကျေးဇူးပါ အစ်ကိုရှိုးဝမ်"
ဟောပိုင်က ပြုံးလိုက်သည်။ စိတ်ထဲတွင်တော့ ဖုန်းထဲတွင် ကျန်းရှိုးဝမ်ပြောလိုက်သည့်စကားကိုသာ တွေးနေမိ၏။

...ငါ လုပ်လိုက်တာ မှန်ရောမှန်ရဲ့လား.. ချိုးဟယ်က တိမိသားစုထဲမှာ အနိုင်ကျင့်ခံရပြီး ကြီးပြင်းခဲ့တာကို.. ငါ ဒီတိုင်းကြီးထွက်လာလိုက်တာ သူ့ကို ညှင်းဆဲနေသလိုများ ဖြစ်နေမလား...

OUR ( One Useless Rebirth) 2Where stories live. Discover now