Chapter 167 - နှစ်ဦးပိုင် ပစ္စည်း 5

2.7K 603 24
                                    

Unicode

သူတို့အားလုံးက ကျူးရှူးရွှယ်၏ နတ်သမီးပုံစံကို ကြည့်ကာ အံ့အားသင့်နေကြ၏။ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပင်။ netizen များက သူမဘေးတွင် ထီးပင် မိုးပေးချင်သွား၏။

ကျူးရှူးရွှယ်က ဒီလောက်လှနေသည်ဖြစ်၍ ဖန်ဝေ့နှင့် ချွီဖန်ကို ကောင်းကောင်းအနိုင်ရ၏။ ဘာတဲ့ ဖန်ဝေ့လဲ ဗီဒီယိုတင်ထားပါသေးတယ်?? သွားစမ်းပါ.. ကျူးရှူးရွှယ်က ဒီလောက်လှကာ ဖန်ဝေ့လို ဖြူဖပ်ဖြူရော်ကြီးနဲ့ မနှိုင်းစမ်းပါနဲ့..

ဖန်ဝေ့ ပရိသတ်များ၏ cmt များကို ပြန်သတိရတော့ netizen များက မရယ်ပဲ မနေနိုင်ကြ။ ထို့နောက် ရီကျဲဓာတ်ပုံကို အရမ်းကြည့်ချင်လာကြသည်။ ပထမကို အနောက်ဆုံးတွင် ထားထားသည်ဖြစ်၍ ကျူးရှူးရွှယ်လို ဒုတိယတောင် ဒီလောက်လှရင် ပထမရတဲ့ ရီကျဲကရော...

ရီကျဲက လှပေမဲ့ အနုပညာလောကထဲတွင် အလှဆုံးမဟုတ် .. သူမမျက်နှာတွင် ထူးခြားသည့်အလှမျိုး မရှိသည့်အတွက် သာမန်လူအနေနှင့် လှသော်လဲ အနုပညာလောကတွင်တော့ ထင်းထွက်မနေ။ ထို့ကြောင့် ပထမဘာလို့ ရတာလဲ သူတို့ စဥ်းစားမရ။

ထို့ကြောင့် သူတို့အားလုံး နောက်ဆုံး link ကို နှိပ်လိုက်သည်။

သူတို့မျက်စိရှေ့တွင် ပုံပေါင်းများစွာ ပေါ်လာသည်။ နေ့စဥ်လုပ်နေကျ အလုပ်များကို ပြန်လည်တည်းဖြတ်ထားခြင်း လုံးဝမရှိပဲ တင်ပြထားသော ပုံများကြောင့် သူတို့အားလုံး ကြောင်နေကြ၏။ ဓာတ်ပုံအားလုံးက ပုံမှန်ပုံတွေပါပဲ .. ဘာလို့ ပထမရတာလဲ... တစ်ခုခုမှားနေတာများလား...

ကြောင်အအနှင့် သူတို့ ပထမဆုံးပုံကို အကြည်ကြည့်ရန် နှိပ်လိုက်သည်။

ရိုးရိုးသာမန် အနွေးထည်ဝတ်ထားသော မိန်းမလှလေးက ပေါက်စီဆိုင်ဘေးတွင် ရပ်ကာ လက်တစ်ဖက်က မာဖလာကို ကိုင်၍ ကျန်တစ်ဖက်က အငွေ့တထောင်းထောင်း ပေါက်စီကို လက်ညိုးထိုးကာ ကင်မရာကို တည့်တည့်ကြည့်နေပုံက နူးညံ့ပျော်ရွှင်မှုကို ကြည့်နေသူပါ ခံစားလိုက်ရသည်။

Netizen များ ​ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

ရီကျဲမျက်နှာပေါ်တွင် မိတ်ကပ်တစ်စုံတစ်ရာ မတွေ့ရ။ ပြုံးရွှင်နေသော မျက်နှာလေးကြောင့် မိတ်ကပ်လူးထားသည့်မျက်နှာထက် ပိုဝင်းနေသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now