Chapter 229 - ဒီပုတ်ထဲက ဒီပဲ 3

2.1K 378 9
                                    

Unicode

ဒေါက် ဒေါက်...

ရှေ့နေဝမ်က ရဲများခေါ်လာကာ တံခါးပွင့်သည်နှင့် တိရှားဆုန်းကို လက်ညိုးထိုးလိုက်သည်။
" ရဲအရာရှိတို့ခင်ဗျာ.. သူက တိရှားဆုန်းပါ ဥက္ကဋ္ဌတိကို ဆေးခတ်တာ သူပါ"

ရဲအရာရှိက ခေါင်းညိတ်ကာ ရှေ့တိုးလာ၏။

တိရှားဆုန်းလက်ကောက်ဝတ်မှ လက်ထိပ်ကို တွေ့တော့ ချင်းလီ စိတ်မထိန်းနိုင်ဖြစ်ကာ ထအော်တော့သည်။
" ရှင်တို့ ဘာလုပ်တာလဲ.. ကျွန်မသားက ဘာအမှားမှ မလုပ်ထားဘူး.. သူ့ကိုလွှတ်လိုက်"

" ချင်းလီ"
ရဲအရာရှိတစ်ယောက်က စကားစသည်။
" ခင်ဗျားရဲ့သား ခိုးလိုက်တဲ့ ဆေးပိုင်ရှင်နှစ်ယောက်ကို ကျွန်တော်တို့ မိထားပြီးပြီ.. တိကျခိုင်လုံတဲ့ သက်သေအထောက်အထားရှိတာကြောင့် ခင်ဗျားရဲ့သားကို ဖမ်းရတာပါ.. ကျွန်တော်တို့နဲ့ ပူးပေါင်းပေးပါ"

" မဟုတ်ဘူး.. တစ်ခုခု မှားနေတာ .. ကျွန်တော်ဘာမှမလုပ်ဘူး... လွှတ်နော်.. "
တိရှားဆုန်းက သူ့အမေကို အားကိုးတကြီး လှမ်းကြည့်ရင်းက ရှေ့နေဝမ်ကိုတွေ့တော့ ဆွံ့အသွား၏။
" ခင်ဗျားမလား.. ခင်ဗျား ကျွန်တော့်ကို ထောင်ချောက်ဆင်တာ.. ခင်ဗျားကို ဘယ်သူ အမိန့်ပေးတာလဲ .. တိဘီရန်လား တခြားတစ်ယောက်လား"

ရှေ့နေဝမ်က ဘာမှမထူးခြားသလို ကြည့်နေရင်းက ပြုံးလိုက်သည်။
" ဥက္ကဋ္ဌကြီးရဲ့ မကောင်းကြောင်း မပြောပါနဲ့ .. မင်းကြောင့် သူ သတိတောင် မရတော့တဲ့ဟာ.. မင်းကို သနားလို့ သတိပေးလိုက်ဦးမယ်.. ဒီလူနာဆောင်ရဲ့ နေရာတိုင်းမှာ ကင်မရာတွေ အများကြီး ရှိတယ်... မင်း ဒီမှာ ဘာတွေလုပ်ထားခဲ့တယ်ဆိုတာ ပြန်စဥ်းစားကြည့်ပါဦး"
ထို့နောက် ရှေ့နေဝမ်က ချင်းလီကို သတိပေးသည့်နှယ် စူးစူးရဲရဲ ကြည့်သည်။

ရဲအရာရှိများက တိရှားဆုန်းကို ဆွဲခေါ်သွားကြ၏။ ချင်းလီက သူ လိုက်သွားလဲ ဘာမှလုပ်မရတော့သည်ကို အသေအချာကြီး သိနေသည်။ ထို့ကြောင့် ရှံ့မဲ့နေသော မျက်နှာနှင့် ရှေ့နေဝမ်ကို ကြည့်သည်။
" ဝမ်ဇယ်..  ငါ နင့်ကို ပြောလိုက်မယ်.. နင် ဘယ်သူ့အမိန့်ကို လိုက်နာနေတာလဲ ငါ စိတ်မဝင်စားဘူး.. ငါ့သားတစ်ခုခု ဖြစ်ရင်တော့ နင်ရော တိဘီရန်ရောကို ငါ အလွတ်ပေးမှာမဟုတ်ဘူး"
ထို့နောက် လူနာဆောင်ထဲမှ ကင်မရာရှာနေသလို ဝေ့ဝဲကြည့်ပြီးနောက် ထွက်သွားလေတော့၏။

OUR ( One Useless Rebirth) 2Where stories live. Discover now