Chapter 244 - Keep A Way Open for Retreat 1

1.8K 339 0
                                    

Unicode

" ထာဝရ ရှင်သန်ခြင်း လမ်းစဥ်" ကို အောက်တိုဘာလ ၁ ရက်နေ့တွင် စ၍ လွှင့်ခဲ့သည်။ တစ်ချိန်ထဲတွင် တိချိုးဟယ်၏ V&G brand ကြော်ညာများလဲ စျေးကွက်တွက် ရောက်နေသည်ဖြစ်ရာ အားလုံးက တိချိုးဟယ်အကြောင်းသာ ပြောနေကြသည်။

တိရှားဆုန်းဖြစ်ခဲ့သည့်အမှုအတွက်တော့ ဘယ်သူမှ မဖြေရှင်းကြ။ ထို့ကြောင့် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့်အတွက် မီဒီယာများက တိရှားဆုန်း ချင်းလီနှင့် ဆေးရုံကို မေးမြန်းကြသည်။ ရနိုင်သလောက် သတင်းလွှင့်ရန်ကြံ၏။

ချင်းလီလဲ သည်းမခံနိုင်တော့၍ တိရှားဆုန်းကို သွားမတွေ့တော့ပဲ တိဘီရန်က  ချင်းမင်းချန်ကို ပေးခဲ့သည့် တိုက်ခန်းထဲတွင်သာ သွားပုန်းနေ၏။

ချင်းလီက အိမ်ထဲတွင် သတင်းများဖတ်ကြည့်ပြီး ဒေါသထွက်နေသည်။
" ပေါက်ကရတွေ ရေးထားတာ.. ရှားဆုန်းက ဘာမှမဖြစ်ဘူး.. နင်တို့ပြောသလို မဟုတ်ဘူးဟဲ့"

စားပွဲကို ဒေါသတကြီးဆွဲလှန်လိုက်သဖြင့် ကြမ်းပေါ်တွင် ပစ္စည်းများ ပြန့်ကျဲသွားသည်။

လေဖြတ်ရာမှ ပြန်ကောင်းစပြုနေသော ချင်းမင်းချန်မှာ ထအော်သည်။
" ပါးစပ်ပိတ်စမ်း ဆန်ကုန်မြေလေးမရဲ့.. နင့်အစ်ကိုအစား နင့်ကိုသာ ထောင်ထဲ ထည့်ထားလိုက်ချင်တယ်.. သွား ထမင်းသွားချက်.. ဘယ့်နှယ် ယောကျ်ားသေတာ တစ်ပြားမှတောင် မရဘူးတဲ့.. အံ့သြစရာ.. နင့်ကိုယ်နင် ပြန်ကြည့်ဦး ဘယ်လောက်သနားဖို့ကောင်းနေလဲဆိုတာ"

ချင်းလီက လက်သီးကျစ်ကျစ်ပါအောင်ဆုပ်၍ သူ့အဖေကို ကြည့်သည်။

" ငါ့ကို ဘာစိုက်ကြည့်တာလဲ.. နင့်ကို ထမင်းသွားချက်ဖို့ ပြောနေတယ်လေ"
ချင်းမင်းချန်က လှုပ်လို့ရသော လက်တစ်ဖက်နှင့် ကုတင်ဘေး စားပွဲပေါ်မှ ဓာတ်ပုံတစ်ပုံကို ပေါက်ခွဲလိုက်သည်။
" ထွက်ပြေးဖို့ လမ်းတော့ ဖောက်ထားပါလို့ နင့်ကို ဘယ်လောက်အထိ သင်ပေးရမှာလဲ.. နင် ငယ်ငယ်ထဲက ငါ ပြောထားတာကို .. အခုတော့ ကြည့်စမ်း... ကျွတ် ကျွတ်... သွား ယန်မိသားစုကို သွားပြော.. ငါက ချင်းယွင်းဇယ်နဲ့ ချင်းယွင်းယွီရဲ့ အဖိုးပဲကို.. ဥပဒေအရ ငါ့ကို သူတို့ ထောက်ပံ့ရမဲ့ တာဝန်ရှိတယ်.. ပြီးတော့ ငါ့ တိုက်ခန်းမှာပဲ လာမနေနဲ့ ကျက်သရေယုတ်တယ်"

OUR ( One Useless Rebirth) 2Where stories live. Discover now