Chapter 233 - See You Never 3

2.2K 430 18
                                    

Unicode

ဧည့်ခန်းထဲတွင် ချင်းလီ တစ်ယောက်သာ ကျန်နေခဲ့သည်။ အခုတလော ဘာတွေဖြစ်နေမှန်း နားမလည်နိုင်တော့။ အမြဲတမ်း စကားပြော နူးညံ့သည့် ဆရာဝန်ကပါ သူမကို အထင်သေးသလို ပြောလာသည်။ ချိန်ဖေကျုံးကလဲ သူမကို အမြင်မကြည့်တော့။ ထို့ကြောင့် သူမ ချွေးအေးများ ပြန်လာသည်။

အခု သူမတွင် ဘာမှ ရှိမနေတော့။ သူမ၏ သမီးရော သားကပါ ချိန်ဖေကျုံးအပေါ် လုံးလုံးလျားလျား မှီခိုနေရသည်။ တကယ်လို့များ တကယ်လို့များ ချိန်ဖေကျုံးက သူမကို စွန့်ပစ်လိုက်ပါက သူမကလေးတွေကို ဘယ်သူစောင့်ရှောက်မှာလဲ.. မရဘူး..အဲ့လိုမဖြစ် မခံနိုင်ဘူး.  ချိန်ဖေကျုံးက သူမကို အရမ်းချစ်တဲ့ဟာကို .. ဘာလို့ စွန့်ပစ်ရမှာလဲ.. နေမကောင်းလို့သာ စိတ်မကြည်တာဖြစ်မှာပါ.. နေမကောင်းရုံသက်သက်ပဲ...

ထိုသို့တွေးရင်း ချင်းလီက ထရပ်ကာ မီးဖိုခန်းထဲဝင်သည်။ ငါးဟင်းကို မေ့ထားလိုက်ပြီး ချိန်ဖေကျုံးအတွက် လတ်လတ်ဆတ်ဆတ် ဆန်ပြုတ်လေး ပြုတ်ပေးနေသည်။

ဟောပိုင်နှင့် တိချိုးဟယ်တို့က V&G အတွက် ကြော်ညာရိုက်ရန် ရဲတိုက်တစ်ခုသို့ ရောက်နေသည်။ ဒီဇိုင်းအသစ်က Retro စတိုင်မို့ အပြင်အဆင်က ခမ်းနားသည်။

ထိုင်ခုံပေါ် ခံ့ညားစွာ ထိုင်နေသည့် တိချိုးဟယ်ကို ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် ဟောပိုင်က အနားလျှောက်လာကာ ပြုံးရွှင်စွာ ပြောလိုက်သည်။
" ချိုးဟယ်.. ကျွန်တော်အခုပဲ ပျော်စရာကောင်းမဲ့ အကြံတစ်ခု ရလာတယ်.. live snap မျိုး ရိုက်ကြည့်ရအောင်"

တိချိုးဟယ်ကလဲ ပြုံးသည်။
" ဟုတ်ပါပြီဗျာ.. ဉာဏ်ကြီးရှင်ကြီးရဲ့"

" အကြံဉာဏ်က အသစ်တော့ မဟုတ်ပါဘူး.. live snap တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်က ခေတ်စားခဲ့တာ.. ဒါပေမဲ့ ကျွန်တော် တစ်ခါမှ မလုပ်ဖူးသေးဘူး.. ခင်ဗျား သေချာလိုက်လုပ်နော်.. မဟုတ်ရင်တော့ ကျွန်တော်..."
ပြောရင်းနှင့် ဟောပိုင်က လက်မနှင့် လည်ပင်းကို ဓားနှင့် လှီးသည့်ပုံစံမျိုးလုပ်ကာ ခြိမ်းခြောက်သည်။

" မဟုတ်ရင် မင်း ဘာလုပ်မှာလဲ ပြော.. ဘေဘီလေးနော် ..  ဒီက ဝန်ထမ်းတွေက တရုတ်စကားမပြောတတ်ပေမဲ့ မျက်လုံးပါတယ်နော်.. ယဥ်ယဥ်ကျေးကျေးနေပါဗျ"
တိချိုးဟယ်က မျက်နှာတည်ကြီးနှင့် လိုက်စရင်း ဟောပိုင်၏ ပါးချိုင့်လေးကို လက်နှင့် ထိုးနေသည်။
" ဟုတ်ပါပြီ.. ကိုယ့်ကို သင်ပေးလေ.. ဘယ်လိုလုပ်ရမှာလဲ"

OUR ( One Useless Rebirth) 2Where stories live. Discover now