Chapter 227- ဒီပုတ်ထဲက ဒီပဲ 1

2K 347 3
                                    

Unicode

တိချိုးဟယ်နှင့် ဟောပိုင်တို့က စာချုပ်ချုပ်စရာရှိသည်များပြီးသည်နှင့် တရုတ်ပြည် ပြန်လာကြသည်။ တစ်ယောက်က ကျောင်းဆောင်ထဲပြန်ကာ နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်၍ ကျန်တစ်ယောက်ကတော့ အလုပ်ထဲ ခေါင်းနှစ်နေရ၏။ တိချိုးဟယ်တွင် လုပ်စရာတွေ အများကြီးရှိနေသည်။
" ပြန်လည်ရှင်သန်ခြင်း လမ်းစဥ်" က စလွှင့်တော့မည့်ဖြစ်ပြီး Huading က ထုတ်လွှင့်သည့် talent show တစ်ခုတွင်လဲ သူ ပါရဦးမည်ဖြစ်၏။

မကြာမီပင် ဇူလိုင်လထဲ ဝင်လာသည်။ ဟောပိုင်၏ သူငယ်ချင်းများက နွေရာသီအားလပ်ရက်အတွက် အဆောင်မှ ပြန်သွားကြသည်။ ထိုအချိန်တွင် ဟောပိုင်က သတင်းတစ်ခုရသည်။ တိဘီရန် ဆေးရုံတက်နေရတာ လဝက်လောက် ရှိနေပြီဆိုသည့် သတင်း။ သူ့သေတမ်းစာထဲတွင် သူတစ်ခုခုဖြစ်ပါက ပိုင်ဆိုင်မှုအားလုံးကို တိရှားဆုန်းထံ လွှဲပေးရန် ရေးထား၏။

ဟောပိုင်က သတင်းကို ဖတ်နေရင်း နားမလည်ဖြစ်လာသည့်အတွက် သူ့ရှေ့တွင် ကားမောင်းနေသည့် ရှုချင်းကို လှမ်းမေးလိုက်သည်။
" သိပ်မကြာခင်လေးကပဲ တိဘီရန်ရဲ့ စီးပွားရေးတွေ ပြန်ကောင်းလာတာ မကြာသေးဘူးဆို.. ဟိုတစ်ခါ စီးပွားရေးလုပ်ငန်းအသစ်အတွက် သူ နိုင်ငံခြားတောင် ထွက်သွားလိုက်သေးတာ မဟုတ်ဘူးလား ဘာလို့ ရုတ်တရက်ကြီး ဆေးရုံတက်တာ လဝက်လောက်တောင်ရှိပြီဆိုတဲ့ သတင်း တက်လာရတာလဲ"

" နိုင်ငံခြားထွက်တယ်ဆိုတဲ့သတင်းက အမှားပါ.. ဆေးရုံမှာ အသည်းအသန်ဖြစ်နေခဲ့တာတော့ အမှန်ပဲဗျ.. ဒီသတင်းထောက်က Huangdu ရဲ့ ရှေ့နေဝမ် ဆေးရုံကို အဝင်အထွက်အရမ်းလုပ်နေတာ မသင်္ကာလို့ အနောက်က လိုက်ချောင်းရာကနေ သိသွားတာလို့ ပြောကြတာပဲ.. အခုတော့ သတင်းတောင် အခိုင်အလုံထွက်လာတဲ့အထိပဲ"
ရှုချင်းက ရှင်းပြသည်။
" Huangdu က တိချွန်းဟွာရဲ့အမှုပြီးကတည်းက အခြေအနေ သိပ်မကောင်းတော့တာ.. ချင်းလီက သူ့သမီးအမှုကိစ္စနဲ့ ကုမ္ပဏီကို လှည့်မကြည့်နိုင်ဘူး... အဲ့ဒါကြောင့်မို့ တိဘီရန် ဆေးရုံတက်နေတယ်ဆိုတဲ့သတင်းကို Huangdu ဘက်က အတင်းဖုံးထားတာ.. တိဘီရန် နိုင်ငံခြားထွက်တယ်ဆိုတာကလဲ သတင်းကို တမင်ဖုံးထားတာပဲ"

OUR ( One Useless Rebirth) 2Where stories live. Discover now