Chapter 237- Giant Teddy Bear 1

1.9K 400 21
                                    

Unicode

နေဝင်သွား၍ ပတ်ဝန်းကျင် အပူချိန် အနည်းငယ် လျော့နည်းလာသည့်အခါတွင်တော့ ချင်းလီတစ်ယောက် စိတ်အာရုံကို ပြန်လည်စုစည်းနိုင်ခဲ့သည်။

မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဘယ်သူကမှ သူမကို အဆင်ပြေနေလား လာမကြည့်ကြ။ အပန်းဖြေအိမ်ရာ၏ တံခါးကတော့ ပိတ်ထားမြဲပင်။

လဲကျမသွားခင်က ပြောခဲ့သည့် ဖုန်းခေါ်ဆိုမှု နှစ်ခုလုံးကို ပြန်တွေးကြည့်၏။ ထို့နောက် ဖုန်းကို လက်နှင့် စမ်းကာ လိုက်ရှာ၍ အချိန်ပြန်ကြည့်သည်။ သန်းခေါင်တောင် ရောက်တော့မည်။ ဖုန်းခေါ်ဆိုမှုကို ပြန်ကြည့်တော့မှ သူမ အိပ်မက်မက်နေတာမဟုတ်မှန်း သဘောပေါက်လိုက်၏။ အေးစက်နေသည့် လေအဝှေ့ကြောင့် အိပ်မက်မက်နေတာ မဟုတ်မှန်း ပို၍ သေချာသွားသည်။ အိပ်မက်များဖြစ်လိုက်ပါတော့လား....

သူမ စိတ်ကို တည်ငြိမ်အောင် ထားကာ သေသေချာချာ ပြန်တွေးသည်။ ချိန်ဖေကျုံး သေသွားသည်ကို သူမ  လက်ခံလိုက်၏။ လက်ထဲတွင် ကိုင်ထားသည့် အိတ်ထဲမှ လက်ထပ်စာချုပ်ကို သေချာ ပြန်ရှာကာ ချင်းလီတစ်ယောက် မျက်ရည်များကို သုတ်ရင်း သက်ပြင်းတစ်ချက်ချ၏။

ချိန်ဖေကျုံးမရှိတော့သည့်နောက်တွင် မိန်းမဖြစ်သည့် သူမကပဲ ပိုင်ဆိုင်မှုအားလုံးကို ရမည်ဖြစ်၏။ ဘယ်လိုပဲ ချိန်ဖေကျုံးမှာ ကလေးမွေးထားထား.. အဲ့ကလေးကို စည်းစိမ်တွေ အကုန်လွှဲပေးထားရင်တောင်မှ သူမ ထိုကလေးကို လိုက်ရှာ၍ စောင့်ရှောက်ခွင့်တောင်းကာ စည်းစိမ်အကုန် ပြန်ယူရမည်။ ဒီလောက်တော့ ချင်းလီ ယုံကြည်မှု ရှိသည်။

ချိန်ဖေကျုံး၏ ပိုင်ဆိုင်မှုတွေကိုသာ ရရင် သူမကလေးနှစ်ယောက်နှင့် အေးအေးဆေးဆေး ဘဝစလို့ ရသည်။ ရှားဆုန်းကိုလဲ အကောင်းဆုံးဆေးပြန်ကုပေးနိုင်သလို ချွန်းဟွာကိုလဲ စိတ်ကျေနပ်သည်အထိ ဘာမဆို လုပ်ပေးလို့ရသည်။ ပိုက်ဆံသာရှိရင်ပေါ့။

" နင်တို့ ငါ့ရှေ့မှာ ဦးညွတ်နေရမဲ့ နေ့ကို ရောက်လာဦးမှာပါ"
ချင်းလီက ခြံတံခါးကို စိုက်ကြည့်ကာ အံကြိတ်ပြောပြီးနောက် ခရီးဆောင်အိတ်ကိုပင် ခြံဝတွင် ဒီအတိုင်းထားခဲ့ကာ လက်ကိုင်အိတ်သာ ယူ၍ လှည့်ထွက်သွားလေ၏။

OUR ( One Useless Rebirth) 2Where stories live. Discover now