Chapter 246- အမျိုးသားဇာတ်ဆောင်ဆု 1

1.7K 317 3
                                    

Unicode

တိချွန်းဟွာ၏ မွေးဖွားမှုလျှို့ဝှက်ချက်က အင်တာနက်ဆယ်လီများအကြား အုတ်အော်သောင်းတင်းဖြစ်သွားစေ၏။ သတင်းထောက်များက ချင်းလီ ဆေးရုံအဝင်အထွက်လုပ်နေသည့် ဓာတ်ပုံများကိုပါ ရအောင်ရှာကာ တင်ပေးကြသည်။

အဆိုပါသတင်းက တောမီးလိုပြန့်သွားသော်လဲ တချို့က ပြည့်ပြည့်ဝဝ မယုံကြ။

ပထမဆုံးအကြောင်းရင်းမှာ ထိုပုံများထဲတွင် ချင်းလီသာရှိပြီး တိချွန်းဟွာကို မမြင်ရ။ ထို့အပြင် ဓာတ်ပုံမှာ သာမန်လူနာတွေ့တာလောက်သာ ပြောနိုင်ပြီး မွေးဖွားမှုလျှို့ဝှက်ချက်ကို မပြနိုင်။

ဒုတိယတစ်ချက်က ဆေးမှတ်တမ်းဆိုသည်မှာလဲ ဆေးပညာရှင်များ၏ အတည်ပြုချက်လိုသည့်အတွက် အမှန်ဖြစ်နိုင်လား မဖြစ်နိုင်လား မသိရ။

တတိယတစ်ချက်မှာ ထိုသတင်းကို တင်ထားသည့် ပေ့ချ်မှာ လုံးဝယုံကြည်နိုင်စရာကောင်းသည့် ပေ့ချ်တစ်ခု မဟုတ်။ အင်တာနက်ဆယ်လီများ၏ သတင်းကိုသာ ဖွတတ်သည့် ပေ့ချ်တစ်ခု ဖြစ်နေသည်။ တိချိုးဟယ်ကို လူအာရုံစိုက်ကြစဥ်ကလဲ တိချိုးဟယ်အကြောင်းရေးကာ attention ရှာသည့် ပေ့ချ် ဖြစ်၏။

ထို့အပြင် အရေးကြီးဆုံးက ထိုသတင်းမှာ ရိုးရှင်းလွန်းသည်။ လူတွေက ဒရာမာဆန်ဆန်သတင်းများကို ပိုကြိုက်သည်ဖြစ်ရာ ထိုသတင်းအပေါ် ခဏချင်းပင် စိတ်ကုန်သွားခဲ့၏။

သို့သော် ထိုသတင်းကို ယုံသူများကလဲ သူတို့အမြင်ကို မှတ်ချက်တွေ ရေးကြသည်။

ထိုသို့နှစ်ဦးနှစ်ဖက် သဘောထားကွဲလွဲနေကြစဥ် ထိုပေ့ချ်တွင် ဓာတ်ပုံတစ်ပုံနှင့် အသံဖိုင်တစ်ခု ထပ်တက်လာသည်။

ထိုဓာတ်ပုံမှာ နှစ်ဦးနှစ်ဖက် ပို့ထားသည့် စာများဖြစ်နေသည်။ ယန်မိသားစု၏ ဆွေမျိုးတစ်ယောက်ဖုန်းမှ ဖြစ်သဖြင့် သတင်းက အတည်လိုဖြစ်သွားသည်။ ထိုဆွေမျိုးဆိုသူမှာ ချင်းလီက တိဘီရန်အပေါ် ဘယ်လိုသစ္စာဖောက်ပြီး သူမမိသားစုအတွက်သာ ဂရုစိုက်ကြောင်းတွေ ပြောထားသည်။ ထို့အပြင် ချင်းလီအခုလို ဖြစ်နေရသည်ကလဲ ထိုက်တန်​ကြောင်းနှင့် နည်းနည်းလေးပင် သနားစိတ်မဝင်ကြောင်း ပြောထားသည်။ တိဘီရန်က ချင်းလီကို ကွာရှင်းရသည့်အကြောင်းကလဲ တိချွန်းဟွာက သူ့သမီးအရင်းမဟုတ်မှန်း သိသွား၍ဖြစ်ကြောင်းပါ ပြောထားလေသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now