Chapter 274 - ဇာတ်သိမ်း 2

1.8K 321 5
                                    

Unicode

ထိုစကားကြောင့် တခြားတစ်ယောက်မျက်လုံးများ အရောင်လက်လာသည်။
" ဘာတုံး ပြောစမ်းပါဦးဟဲ့.. ငါ အဲ့အကြောင်းတွေလး မသိသေးဘူး"

"ရှူး တိုးတိုး.. ဒီက ခေါင်းဆောင်က အတင်းမပြောဖို့ ပြောထားတယ်လေ.. တခြားသူတွေကို ပြန်မပြောနဲ့နော်.. ငါ အလုပ်မပြုတ်ချင်သေးဘူး"

" အေးပါဟယ် စိတ်မပူပါနဲ့ ငါ နှုတ်လုံပါတယ်"

" အေး.. ငါ နင့်ကို ယုံလိုက််မယ်.. အဲ့အိမ်ထဲက လူက တိဘီရန်တဲ့.. ဟိုးအရင်က Huangdu ဆိုတဲ့ ကုမ္ပဏီကို သူပိုင်တာလေ.. နင် " ထာဝရရှင်သန်ခြင်း လမ်းစဥ်" ဆိုတဲ့ ဇာတ်လမ်းတွဲ ကြည့်ဖူးတယ်မဟုတ်လား..  အဲ့ဒီ့က ဇာတ်ဆောင်မင်းသားက သူ့သားလေ.. သူ ဒီအိမ်ကြီးထဲမှ နေနေရတာလဲ သူ့သားကြောင့်ပဲ"

" ဘယ်လို ဘယ်လို..  ထာဝရရှင်သန်ခြင်း လမ်းစဥ် ဇာတ်လမ်းတွဲရဲ့ မင်းသား.. တိချိုးဟယ်ဆိုတာလား.. ဟိုချောချောကောင်လေးလေ.."
တခြားတစ်ယောက်က အံ့အားသင့်နေ၏။

" ရှူး.. ဟုတ်တယ် သူပဲတဲ့"

ထိုအိမ်တွင် သန့်ရှင်းရေး လုပ်နေရသော ချင်းလီမှာ သူတို့နှစ်ယောက်စကားကိုကြား၍ ထောင့်တစ်ထောင့်ထဲ ဝင်ပုန်းနေသည်။

" တိဘီရန်ရဲ့ အရင်မိန်းမက အရမ်းကျက်သရေရှိတာတဲ့ လိမ်လဲ လိမ်မာတယ်.. တိချိုးဟယ်က သူတို့နှစ်ယောက်ရဲ့သား.. ဒါပေမဲ့ သူ့အမေက အရမ်းနူးညံ့လွန်းတော့ သူ့အဖေနဲ့ ဟိုသစ္စာဖောက်မ .. ဘာ.. ချင်းလီဆိုလား.. သူတို့စနက်ကြောင့် သေသွားတာတဲ့.. အဲ့မယားငယ်မက တိချိုးဟယ်ကို ငယ်ငယ်လေးထဲက နှိပ်စက်လာတာ.. တိချိုးဟယ်လဲ အရွယ်ရောက်ရော လူသိရှင်ကြား မိသားစုထဲကနေ ထွက်သွားတယ်ဆိုပဲ..  တိဘီရန်ကတော့ ကုမ္ပဏီပျက်ပြီး အခုလို ရူးသွားတာပဲ.. ဟိုမယားငယ်မကတော့ ဘယ်ရောက်နေမှန်းမသိရဘူးတဲ့.. တစ်နေရာရာမှာ သေသွားပါစေလို့ပဲ ဆုတောင်းတယ်အေ"

" အဲ့မိန်းမလဲ ရက်ရက်စက်စက် သေသင့်တယ်.. ဒါပေမဲ့ တိချိုးဟယ်က အခုထိ သူ့အဖေကို ထောက်ပံ့နေတုန်းလား.. သူ့အဖေက ဒီလောက်ယုတ်မာတာကို"
တစ်ယောက်က မျက်နှာမဲ့ရင်း တိဘီရန်နေသည့် အိမ်ကြီးကို ထပ်ကြည့်နေသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now