အခန်း188

Start from the beginning
                                    

“ ငါလည်း မသိပါဘူး။ မင်း ဘာလို့ ဆွစ်ဇာလန်ကို သွားပြီး မမေးတာလဲ”

နိုဗယ်ဆုသည် ထိုမျှ မလွယ်ပေ။ ရုတ်တရက် အဆောင်တံခါးအား တွန်းဖွင့်ခံလိုက်က်ရသည်။ မျက်မှန်တပ်ထားသည့် ဟွမ်ကွမ်းမင်က စတိုင်အပြည့်နှင့် ၀င်လာသည်။

“ အဆောင်နံပါတ် ၂၀၁က က​ေလးတွေ မင်းတို့ ဒယ်ဒီ ပြန်လာပြီကွ။ အား အကိုဖေး ကျွန်တော်မှားပါတယ် .. မျက်မှန်လေးတော့ ချွတ်ပါ၇စေ…”

သူ၏ စကားပင် မဆုံးသေး ရှီရှန်းနှင့် လျှို့လွေ့သည် သူ့အား နပန်းလုံးလိုက်ကာ ကြမ်းပြင်သို့ ပစ်ချလိုက်သည်။

-------

လုကျိုးသည် မာစတာ ပထမနှစ် ကျောင်းသားဖြစ်သည်။သူက တစ်နှစ်ထဲနှင့် အပြီးသတ်မည်ဖြစ်သဖြင့် အရေးမကြီးတော့ပေ။ သူ့အား ပရော်ဖက်ဆာလု ပေးထားသည့် အတန်းအချိန်စာရင်းသည် အသုံးမ၀င်ပါပေ။

သူက အခန်းထဲတွင်သာ သင်္ချာကို လေ့လာပေသည်။ အထူးသဖြင့် ပိုလီကော့ ကွန်ဂျက်တာ ဖြစ်၏။ နှစ်ထပ် သုဒ္ဓကိန်းအား ဖြေရှင်းပြီးသွားသဖြင့် လက်၇ှိတွင်သူက သက်သေပြချက်ကို ချဲ့ကားကာ အဖြေရှာရတော့မည် ဖြစ်သည်။ နံပါတ်သီအိုရီတွေနှင့် ပက်သတ်သည့် အပိုင်းသည် အခက်ခဲဆုံး ဖြစ်သည်။ လုကျိုးသည် သူကတော့ဖြင့် လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။

သူ ဖြေ၇ှင်းထားပြီးသည့် သင်္ချာ ပုစ္ဆာတွေက များပေသည်။ သူ့တွင် စျာန်၀င်စားသည့် ဆေးလုံး မ၇ှိသော်လည်း သိပမကြာခင်အချိန်တွင် သူ ထိုပြဿနာကို ဖြေရှင်းနိုင်မည်ဟု သူ ယုံသည်။ အခြားတဖက်တွင် လုကျိုး၏ သူငယ်ချင်း သုံးယောက်သည် တတိယနှစ်တွေ ဖြစ်ကြသည်။

အတန်းခေါင်းဆောင် ထျန်းကျွမ်းသည်လည်း ပြန်လာကာ အစည်းအဝေးခေါ်သည်။ ထျန်းကျွမ်းက သူတို့၏ အတန်းအချိန်စာရင်းအား အွန်လိုင်းမှ ကူးယူလိုက်သည်။ အသုံးမ၀င်သည့် အတန်းတွေကို ဖျက်လိုက်ကာ သူတို့တက်ချင်သည့်အတန်းတွေကိုသာ ယူလိုက်ကြသည်။

နောက်နှစ်တွင် ဘွဲ့၀င်ခွင့်ဖြေရန် တတိယနှစ်တွင် အဓိက ဘာသာရပ်တွေကို တက်ကို တက်ရသည်။ အတန်းမတက်သည့်အခါ သူတို့ ဒုက္ခရောက်တော့သည်။ ကံဆိုးသည်မှာ သူတို့ထဲက တစ်ယောက်က ထိုသို့ဖြစ်လာသည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now