အခန်း183

Mulai dari awal
                                    

“ငါကတော့ တစ်ယောက်မြင်ဖူးတယ်”

“ဘယ်သူလဲ”

“ထောင်ကျဲရွှမ်”

ပရော်ဖက်ဆာ ၀မ်ယွီပင်း မင်သက်သွားခဲ့သည်။ ထို့နောက် သူက ပြုံးကာ မေး၏။
“မင်းသူ့ကို အဲ့လောက်ထိ မြင့်မြင့်မားမား မျှော်မှန်းထားတာပဲလား”

ထောင်ကျဲ၇ွှမ်သည် နယ်ပယ် မက်ဒယ်ဆုအား ရရှိခဲ့သည့် ပထမဆုံး သြစတျေးလျသား ဖြစ်သည်။ တရုတ်တွင် ထိုဆုကို ရရှိခဲ့သူထဲတွင် သူက ဒုတိယမြောက်လူ ဖြစ်၏။ သူက လက်ရှိတွင် UCLA တွင်ပညာသင်ကြားနေခဲ့ကာ သချာင်္ခွဲခြမ်းစိတ်ဖြာခြင်းနယ်ပယ်၏ ပါရမီရှင် တစ်ယောက်ဟု အားလုံးက သိကြသည်။

အသုံးချ သချာင်္သည် သချာင်္ရူပဗေဒဟု ဆိုနိုင်ခြင်းမရှိသော်လည်း သူ၏သုတေသန လုပ်ငန်းတွေသည် သချာင်္၏ လွှမ်းမိုးမှုကိုသာ ခံရသည်။ နံပါတ် သီအိုရီတွေနှင့် တိုပိုလော်ဂျီ ညီမျှခြင်းတွေ၏ ခြားနားချက်တွေကိုတောင်မှ သူက စည်းချက်ကျစွာ ခွဲခြမ်း စိတ်ဖြာလေ့ရှိသည်။

တရုတ်တွင် လုကျိုးကို လူငယ်ထောင်ကျဲရွှမ်ဟု လူတွေက ခေါ်ကြသည်။ ပရော်ဖက်ဆာချုံစက ပြုံး၏။

“ငါက သူ့ကို မြင့်မြင့်မားမား မှန်းတာတော့ မဟုတ်ပါဘူး။ သူကိုယ်ကကို အဲ့လို မြင့်မားမှုတွေနဲ့ ထိုက်တန်တာ”
ပရော်ဖက်ဆာ၀မ်က မင်သက်သွားခဲ့ပြီးမှ ပြန်မေးသည်။

“မင်း အတည်ကြီး ပြောနေတာလား”

“ဒါပေါ့”
ပရော်ဖက်ဆာချုံးက ထိုသို့ပြောကာ ခေါင်းငြိမ့်သည်။ ထို့နောက် ဆက်ပြော၏။
“ငါသူ့ကိုပိုလီကော့ ကွန်ဂျက်တာကို ရွေးချယ်ပြီး သုတေသနလုပ်စေချင်တာ။ အဲ့ဒီခေါင်းစဉ်နဲ့သာဆိုရင် သူ ပိုပြီးလုပ်နိုင်စွမ်းရှိမယ်လို့ ငါယုံကြည့်တယ်”

ပရော်ဖက်ဆာ ၀မ်ယွီပင်းက ပြုံးသည်။
“သူ ဒီကွန်ဂျက်တာကို ဖြေရှင်းနိုင်မယ်လို့ ထင်လား”

“ပြောဖို့ကတော့ ခက်တယ်။ သူက နှစ်ထပ်သုဒ္ဓကိန်းကွန်ဂျက်တာကို ဖြေရှင်းနိုင်ခဲ့တယ်။ ငါ့မှာသာအားအင်တွေရှိနေသေးရင် သူနဲ့အတူ ဒီစိန်ခေါ်မှုကို ၀င်ယှဉ်ပြိုင်ပါတယ်”
ပရော်ဖက်ဆာချုံကပြောသည်။ ရုတ်တရက်သူ့မျက်လုံးက လက်လာခဲ့ကာ သူ၏မိတ်ဆွေဟောင်းကိုကြည့်သည်။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲTempat cerita menjadi hidup. Temukan sekarang