အခန်း163

Start from the beginning
                                    

ငါးမိနစ် ကုန်သွားသည်။ မည်သူမျှ လက်မမြှောက်ကြပေ။ LHCb မှ ဒိုင်တစ်ယောက်သည် စင်ပေါ်တက်လာကာ ပရယ်ဇန်တေးရှင်း၏ အနှစ်ချုပ်အား သဘောကျကြောင်းဆိုသည်။ သူက သုတေသန ပညာရှင်တွေအား ကျေးဇူးတင်ကာ လုကျိုး၏ ပရယ်ဇန်တေးရှင်းကို လက်ခံကြောင်း ပြောကြားသည်။

ထိုစာတမ်းသည် LHCb ၏ သုတေသန လုပ်ငန်းတွေအတွက် အောင်မြင်မှုကြီး ဖြစ်လာပေလိမ့်မည်။ ပရယ်ဇန်တေးရှင်း ပြီးသွားသဖြင့် အားလုံး ခန်းမထဲမှ ထွက်ခွာတော့သည်။ သို့သော် တစ်ယောက်သာလျှင် ထိုင်ခုံမှ မထနိုင်ခဲ့ချေ။

“ မဖြစ်နိုင်ဘူး”
ကရာလာသည် သူမ၏ လက်ထဲက အေဖိုးစာရွက်ကို ကြည့်ကာ မခံမရပ်နိုင် ဖြစ်နေခဲ့သည်။

“ မဖြစ်နိုင်ဘူး အမှားတော့၇ှိမှာပါ ငါ မတွေ့တာပဲ ဖြစ်မယ်”

ခန်းမထဲတွင် လူပင် သိပ်မ၇ှိတော့ချေ။ ကရာလာက ကွန်ပျူတာဖြင့် အထပ်ထပ် အခါခါ စစ်ဆေးနေဆဲဖြစ်သည်။ သူမ အထပ်ထပ် စစ်ဆေးပြီးသော်လည်း အမှားမတွေ့သည့်အပြင် လေးစားစိတ်ပင် အလိုလို တိုးလာရလေသည်။ထိုစာတမ်းကို ဖတ်မိသည့်  သုတေသန တစ်ယောက်ကို  လေးစားစိတ်ပင် ၀င်လာစေလောက်အောင် ထိုစာတမ်းအား ရေးသားထားပုံမှာ လှပသည်။ ထိုစာတမ်းသည် လက်ရာမြောက်နေခဲ့သည်။

ကရာလာကို ကြည့်ကာ သူတို့သုတေသန အဖွဲ့ထဲမှ တစ်ယောက်က လမ်းလျှောက်လာကာ ပြောသည်။
“ မေ့လိုက်တော့ ကရာလာ။ မင်း သူ့စာတမ်းထဲက အမှားရှာဖို့ဆိုတာက မဖြစ်နိုင်ဘူး”

သူ၏ နာမည်သည် နယ်စန်ဖြစ်သည်။ သူက သူမနည်းတူ ပရော်ဖက်ဆာ ဘရူနို၏ PHD ကျောင်းသားဖြစ်သည်။ သူ၏ သုတေသန လုပ်ရာဘက်သည် သင်္ချာ ရူပဗေဒ ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ကရာလာနှင့်အတူ တွက်ချက်ခဲ့သေး၏။ ကရာလာသည် အတိတ်ကို မပြောင်းနိုင်တော့မှန်း သိပေသည်။သို့သော် သူမ ကိုယ်တိုင် လပေါင်းများစွာ ပင်ပင်ပန်းပန်း ကြိုးစားထားရသဖြင့် လက်မခံနိုင် ဖြစ်နေခြင်းပေ။

နယ်စန်:” ဒီစာတမ်းကို ရေးတဲ့ internကို သိလား၊ နာမည်ကို ကြည့်လိုက်”

“ အာရှသားမလား အဲ့ဒါက ဘာဖြစ်လို့လဲ”

နယ်စန်က ခေါင်းခါသည်။
“ မဟုတ်ဘူး သူက အာရှသားဆိုပေမယ့် သူ့နာမည်က လုကျိုးဖြစ်နေတာကို ငါ အဓိက ပြောချင်တာ။ အဲ့ဒိနာမည်ကို ရင်းနှီးနေဘူးလား”

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now