အပိုင်း၂၁

2.7K 385 7
                                    

အပိုင်း၂၁

"မင်းတကယ်လို့ ငါ့ကိုစကားကောင်းကောင်းပြောရင် ငါအကိုတော့်ဆီကိုခေါ်သွားပေးမယ်"

"........"

"နောက်ပြီး မင်းပုံစံက အကိုတော့်ကိုသိပ်မတွေ့ချင်ဖူးမလား..မင်းတွေ့ချင်နေတာက ဟယ်ရန်ကိုမလား?"

"သခင်လေး အထင်မှားနေပါပြီ..
ကျနော်က နှစ်ယောက်လုံးကိုတွေ့ချင်နေတာပါ...
ဟယ်ရန်က ကျနော့်ကို လေးအတတ်သင်ပေးနေတာမလို့ သူ့အခြေအနေကိုသိချင်ပါတယ်..နောက်ပီးအရှင့်ကိုလည်း မတွေ့ရတာရက်အနည်းရှိပါပြီ။တကယ်လို့ အဆင်ပြေမယ်ဆိုရင် ကျနော့်ကို အရှင့်ဆီလိုက်ပို့ပေးနိုင်မလား"

ကျန်းဖုယန် ဟာ စကားပြောမောက်မာပေမဲ့ သူ့ပုံစံက အသားဖြူဖြူ ပိန်ပိန်ပါးပါးနဲ့ အရပ်ကလည်း ဟယ်ကျန်းလောက်သာရှိ၏..

"ကောင်းပြီလေ..မင်းတောင်းဆိုတော့လည်း ငါခေါ်သွားပေးရမှာပေါ့"

သူတို့နှစ်ယောက်ရန်ရှင်း အဆောင်တော်ကိုရောက်တော့ အခန်းထဲဝင်ဖိူ့ပြင်ပေမဲ့ ကျန်းရှန် က ထွက်လာကာ"ဧကရာဇ်အရှင် နဲ့ဗိုလ်ချုပ်ဟယ်တို့ ဆွေးနွေးနေချိန်အတွင်းဘယ်သူမှ မဝင်ဖို့ အမိန့်ပေးထားပါတယ်"

တကယ်တော့ ကျန်းဖုယန်ကလည်း ခွေးပေါက်လေး သာသာပါပဲ..သူ့မှာ အာဏာ ရှိနေရင်တောင် သူ့အကို ခွေးကြီးရဲ့ အမိန့်ကိုမလွန်ဆန်နိုင်ရှာပါဖူး..
"အဲ့ဒါဆို ခဏစောင့်ကြတာပေါ့"

ကျန်းဖုယန်တယောက် ထိုသို့ပြောကာ မေးကိုမော့ပြီး ကော့တော့ကော့တော့ ထွက်သွားလေတယ်။ ခွေးအာဏာရှင်နဲ့ပတ်သက်ရတာကို စိတ်ကုန်နေတဲ့ ဟယ်ကျန်းက ဒီခွေးလေးနဲ့လည်း အချိန်မကုန်ချင်ပေ...

သူ ဟယ်ရန်ကို စစ်ပွဲမှာဖစ်မဲ့ အကြောင်းအရာတချို့ပြောပြမယ်လို့ ဆုံးဖြတ်ထားပြီးပြီဖစ်သည်။ ဇာတ်လမ်းတေ သွေဖယ်နေရင်တောင်
ဖန့်ထျန်းကျိုနဲ့ ဟယ်ရန် တို့ အဆင်ပြေရင်တောင် ဒါကို ပြောမှဖစ်မယ်...

ဟယ်ကျန်း ဒီဝတ္ထုကြီး ဘယ်လိုပြီးဆုံးသွားလဲဆိုတာ မသိပေ...သိချင်ရင်တောင် ဒီကမ္ဘာက ဘယ်သူ့မှကိုမှ မေးလို့ရမည်မဟုတ်ပေ..နောက်ပီး သူ့ကိုဇာတ်ညွှန်းအတိုင်းလုပ်ဖို့ ဘယ်သူကမှ
အမိန့်ပေးလို့မရပေ..

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Onde as histórias ganham vida. Descobre agora