အပိုင်း၂၃.၁

3.4K 459 21
                                    

အပိုင်း၂၃

ခဏကတော့ပျော်လိုက်ပေမဲ့ အခုတော့ သေတော့မလိုပင် ဟယ်ကျန်း ခံစားနေရသည်။
ဟယ်ကျန်းတယောက်တစ္ဆေတကောင်ကိုမြင်သလိုမျိုး သွေးစုပ်ကာဖြူဖပ်ဖြူရော်ဖစ်နေတော့သည်။ ထိုစဉ် ရုတ်တရက်ပိုက်ကွန်ရဲ့ ထောင့်တထောင့်ဟာ ပြတ်ထွက်သွားပြီး ဟယ်ကျန်းကိုလန့်သွားစေခဲ့သည်။
"အရှင်...ဟင့်..ကယ်ပါအုံး..ဟင့်"

ဖန်ထျန်းကျိုတယောက်ဘာမှမပြောပဲ ဟယ်ကျန်းရဲ့ ခါးသေးသေးလေးကို ဖက်ထားကာ ကြိုတင်ပြင်ဆင်ထားတဲ့ ကြိုးကို ကိုင်ပြီး အောက်ကိုဆင်းလိုက်တော့တယ်။ မြေပြင်ပေါ်ရောက်တော့ ဟယ်ကျန်းဟာ ဖန့်ထျန်းကျိုကိုဖက်ထား​ခြင်းမရှိပဲ အင်္ကျီစကိုတင်းကြပ်စွာကိုင်ထားတာကြောင့်
"မင်း ဘာလိူ့ ငါကိုယ်တော်အင်္ကျီစကို ကိုင်ထားသေးတာလဲ!?"

ဟယ်ကျန်းလည်း ထိုစကားကိုနားလည်တာကြောင့် ဖန့်ထျန်းကျိုရဲ့လည်ပင်းနောက်အထိတင်းကြပ်စွာဖက်လိုက်ပြီး လည်ပင်းနားမှာခေါင်းအပ်ကာ မျက်လုံးကိုမှိတ်ထားလိုက်တော့တယ်။

ဟယ်ကျန်း မြေပြင်ပေါ်ရောက်တော့ ဖန့်ထျန်းကျို ကိုလွှတ်ပီး ပျို့အန်ခြင်းစတင်တော့တယ်
ကံကောင်းစွာနဲ့ မနက်က ဘာမှ မစားလာတာကြောင့် လေမှလွဲ၍တခြားအရာများထွက်မလာခဲ့ပေ..အန်ပီးတဲ့အခါမှာလည်းဟယ်ကျန်းရဲ့ မျက်လုံးလေးတေ မျက်ရည်ရစ်ဝိုင်းလာကာ အသက်ကိုပင်လုရှူနေတော့တယ်။ဖန့်ထျန်းကျိုကတော့ ဟယ်ကျန်းကို စိုက်ကြည့်ဆဲပင်....

ဟယ်ကျန်းလည်း ရိပ်မိတာကြောင့် သူ့ဘက်ကနေ စကားစပြီး
"အရှင်..အဲ့ကြိုးက ဘယ်လိုလုပ် အဲ့ချောက်ကမ်းပါးမှာ ရှိနေတာလဲဟင်?"

"အမဲလိုက်လို့ ချောက်က ပြုတ်ကျရင် လှမ်းဆွဲပီး အကူအညီတောင်းလို့ရအောင်လို့.."

"အရှင်က အရမ်းတော်တာပဲနော်..ဒီလိုရှေ့ရေးတေကိုပါ ကြိုတွေးတတ်သေးတယ်"

"အဲ့လောက်လည်း မဟုတ်ပါဖူး..ငါကိုယ်တော်
ချောက်ကမ်းပါးနားကပိုက်ကွန်ဘယ်လိုရောက်လာလဲဆိုတာတော့ မတွေးတတ်ဖူး..ဟယ်ရှန်းရှူ ရော?"

"ကျနော်မျိုးက ကြိုးရှိတာတောင်မသိတဲ့သူပါအရှင်ရယ်"လို့ ပြောကာ ဖန့်ထျန်းကျိုရဲ့ မျက်လုံးနဲ့ ဝေးရာကိုသာ မျှော်ကြည့်လိုက်တော့တယ်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now