အပိုင်း၁၆

2.9K 413 3
                                    

Unicode

ဖန့်ထျန်းကျိုရဲ့စကားကိုကြားတော့ ဟယ်ကျန်းတယောက် ဆက်ပြောမဲ့စကားလေးတေတောင်
ရပ်တန့်သွားတော့တယ်...

ထိုအချိန်မှာပင် အစေခံတေက စားသောက်စရာတေ ယူလာတာကြောင့် ညစာစားဖို့ ပြင်နေပြီဆိုတာ ဟယ်ကျန်းသိလိုက်တယ်။
ဒါကြောင့် ဖန့်ထျန်းကျိုပေါင်​ေါ်ထိုင်နေရာကနေ အသာလေးဆင်းကာ အစေခံတေ လက်ထဲက ပန်းကန်တေကို သွားယူကာ ဖန့်ထျန်းကျိုကို ငြင်ငြင်သာသာ လေးပြုံးပြလိုက်တော့တယ်။

ထို့နောက် အစားအသောက်များပြင်ဆင်ပြီးချိန်၌ ဖန့်ထျန်းကျိုနဲ့ဟယ်ကျန်း အတူတူ ညစာစားတော့တယ်။ ဟယ်ကျန်း လည်ချောင်းကနာနေသေးတာကြောင့် ခေါက်ဆွဲ အနည်းငယ်သာ စားပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ပထမကတော့ ဖန့်ထျန်းကျို သူ့အဆောင်ကို ​သူပြန်မယ်လို့ထင်ခဲ့ပေမဲ့ ဖန့်ထျန်းကျိုညအိပ်အဝတ်လဲ
လိုက်မှ သူ့အဆောင်သူမပြန်တော့မှန်း နားလည်လိုက်တော့တယ်။ဟယ်ကျန်း လည်ချောင်းနာကာ ချောင်းဆိုးချင်ပေမဲ့လည်း ဘေးမှာ ဖန့်ထျန်းကျိုရောတူတူရှိနေတာကြောင့် ချောင်းကိုထိန်းကာ ဆိုးနေရတယ်။

ဖန့်ထျန်းကျို ညအိပ်အဝတ်အစားလဲနေရင်း
"ကျန်းအာ..နန်းတော်ထဲမှာနေတာကြာပြီမလား"

"ဟုတ်ပါတယ်အရှင် တစ်လခွဲလောက်ရှိပါပြီ"

"အိမ်ကို အလည်သွားချင်သလား?"

ဟယ်ကျန်းဟာ ဒီကမ္ဘာကိုကူးပြောင်းလာတာကြောင့် ဟယ်မိသားစုနဲ့ဘာမှ မအပ်စပ်ပေမဲ့ သူဟာ တခါမှ ဟယ်ရှန်းကော်တို့ မစ္စဟယ်တို့ကို မြင်ဖူးချင်းမရှိပါ..ဘာပဲဖစ်ဖစ် ဒီခန္ဓာကိုယ်ရဲ့ အဖေကိုတော့ သိထားသင့်တယ်လို့ ထင်တာကြောင့်
"ခဏပြန်လို့ရတယ်ပေါ့နော် အရှင်?"

"ကျန်းအာပြန်ချင်နေမှန်း သိသာလွန်းတယ်"

ဖန့်ထျန်းကျိုသူ့ကို ထောင်ချောက်ဆင်နေတာလားဆိုတာမသိပေမဲ့ သူ့(ဟယ်ကျန်း)ရဲ့အမူအရာတေကိုမပျက်ယွင်းစေရန် မည်သည့်မျက်နှာအမူအရာမျှမပြဘဲ....
"ကျနော်မျိုးပြန်ချင်ပါတယ်အရှင်..ဒါပေမဲ့ ဖစ်လာမဲ့အကျိုးဆက်တေကိုမခံနိုင်မှာစိုးရွံ့မိပါတယ်"

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now