အပိုင်း၁၃

3K 432 10
                                    

Unicode

ဖန့်ထျန်းကျိုဟာ သူ့တဲထဲကို ဟယ်ကျန်းအား ချီလာပြီး ဝင်လိုက်တော့တယ်။ထို့နောက် ဟယ်ကျန်းကို ကုတင်ပေါ်ချပေးလိုက်တော့တယ်။
သူပါဝင်ထိုင်လိုက်ပြီး ဟယ်ကျန်းရဲ့ဘောင်းဘီရှည်တေကို ဒူးခေါင်းအထက်ထိ ခေါက်တင်လိုက်ပြီး သူ့လက်နဲ့ ဒူးခေါင်းကို ငြင်သာစွာပွတ်ပေးတော့တယ်။

"မင်းဘာလို့ မြင်းကိုအမြန်မောင်းရတာလဲ?"

ဟယ်ကျန်း သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းတေနဲ့ ဖန့်ထျန်းကျိုကို ဝင့်ကာကြည့်လိုက်ပြီး
"ကျနော် မြန်မြန်စီးတတ်ချင်လို့ပါ..အဲ့ဒါမှ ကျနော်က အရှင်နဲ့ထိုက်တန်တဲ့သူမှန်း သူများတေသိကြမှာလေ"

ဖန့်ထျန်းကျို ထိုစကားကိုကြားပြီးသူ့နှလုံး အနည်းငယ် တင်းကျပ်သွားတော့သည်။

ဖန့်ထျန်းကျို ဟယ်ကျန်းကို ကြည့်တော့ နှင်းပွင့်လို မျက်နှာဖြူဖြူလေးပေါ်က မျက်လုံးရွဲရွဲကြီးတေကို တွေ့လိုက်ရတယ်။

ဟယ်ကျန်းဟာ သူ့မျက်နှာကို ရိုးသားတဲ့ပုံစံဖစ်အောင် ပြုံးထားလိုက်တော့တယ်။ ဒါပေမဲ့ စိစစ်တဲ့ ဖန့်ထျန်းကျိုဟာ သူ့အပြုံးတေကို မယုံသလိုနဲ့ စိုက်ကြည့်နေတော့ ဟယ်ကျန်း စကားလမ်းကြောင်းလွှဲရပြီဖစ်တယ်။
"အရှင်...ကျနော့်ကို အဲ့လိုကြီးမစိုက်ကြည့်နဲ့လို့..."

"ဘာလို့?"

"အဲ့လိုစိုက်ကြည့်နေရင် ကျနော်အရှင့်ကို အရမ်းနမ်းချင်လာလို့လေ"

ဖန့်ထျန်းကျို သည် တစ်စက္ကန့်မျှ အံ့အားသင့်သွားပြီးနောက် မသိစိတ်ရဲ့စေခိုင်းမှုကြောင့်
အဝေးကို လှမ်းကြည့်ကာ နားရွက်ဖျားများ
အနည်းငယ် နီသွားသော်လည်း နှုတ်ခမ်းကို ဖိလိုက်ကာ သူ့မျက်နှာမှာ အနည်းငယ် မဲမှောင်သွားခဲ့သည်။

ဖန့်ထျန်းကျိုရဲ့လက်တေက တကယ်ကိုအစွမ်းထက်တယ်လို့ ဟယ်ကျန်းတွေးမိလိုက်တယ်။
"အရှင်က အရမ်းကြင်နာတတ်တာပဲနော်"

ဖန့်ထျန်းကျိုရဲ့typeက တကယ်တော့ ကောင်းတဲ့typeပင်...သူက သူ့အပေါ်ကောင်းတဲ့သူကို ပြန်ကောင်းပေးသလို...သူ့အပေါ်ဆိုးတဲ့သူတေကို သတ်ပစ်လေ့ရှိသည်။ မယုံရင်ဧကရီအဘွား ကိုပဲကြည့်သင့်တယ်။ သူက ဖန့်ထျန်းကျိုကိုကောင်းကောင်းဆက်ဆံတော့ အခုထိ သူ့ရာထူးက မြဲပီး အာဏာရှင် ရဲ့မျက်နှာသာပေးမှုကိုလည်း ခံရခဲ့သည်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now