အပိုင်း၂၀

2.8K 406 10
                                    

Unicode

သူဒီလိုစကားတေပြောတိုင်း ဖန့်ထျန်းကျိုကသူ့ကိုအဓိပ္ပါယ်ပါတဲ့အကြည့်တေနဲ့ ကြည့်ကာပြုံးနေခဲ့တယ်...
ဟယ်ကျန်းလည်းစိတ်မလုံတာကြောင့် တခြားဘက်သို့ စောင်းကြည့်မိသည်။

ဖန့်ထျန်းကျို လည်းထိုသို့ဖစ်သွားတဲ့ ဟယ်ကျန်းကိုကြည့်ပြီး "မင်းက တော်တော်ပြေးချင်နေတာပဲ"

ထိုစကားကိုကြားတော့ ဟယ်ကျန်းအရမ်းကို လန့်သွားခဲ့တယ်...သူ မြင်းမြန်မြန်စီးချင်တယ်ပဲပြောခဲ့မိတာ...ဘာလို့ ဖန့်ထျန်းကျို ကအဲ့လိုကြီးပြောရတာလဲ..သူ့နှလုံးသားလေး ဆီထဲထည့်ကြော်ခံရသလို ခံစားလိုက်ရသည်။

ဟယ်ကျန်း ထိုစကားကို ပြန်ချေပ ဖို့ ဖန့်ထျန်းကျို ကိုကြည့်လိုက်တော့ ထိုသူဟာ ပြုံးနေပြီး
"ကျန်းအာက မြင်းစီးကျွမ်းချင်မှတော့ ကိုယ်တော် ဘယ်တားလို့ရပါ့မလဲ?"

"ကျေးဇူးကြီးမားလှကြောင်းပါ အရှင်"
တကယ်တော့ ဒီဇာတ်လမ်းမှာ သနားစရာအကောင်းဆုံးက သူပဲလေ...မူလဝတ္ထုမှာ သူ့ကိုဘယ်သူမှမငဲ့ကွက် ကြသလို အခုသူကလည်း ဘယ်သူ့ကိုမှ ငဲ့ကွက်စရာမလိုဖူး...အပြင်ဘက်ကမ္ဘာက အန္တရာယ် များတယ်ဆိုပေမဲ့ ဖန့်ထျန်းကျို ဘေးမှာနေရတာလည်း အန္တရာယ် ကင်းတာမှ မဟုတ်ပဲ...ကလေးမွေးပြိီးရင်သူ့ကို သတ်ပစ်မဲ့ ဖန့်ထျန်းကျို နားမှာဘာလို့ တွယ်ကပ်နေရမှာလဲ?

နောက်ပြိီး သူလွတ်လွတ်လပ်လပ်လေးနေချင်သေးသည်...သူမမြင်ဖူးတဲ့အရာတေကို မြင်ဖူးချင်သလို..မလုပ်ဖူး တာ တေပါ လုပ်ကြည့်ချင်သေးသည်...သူ့ဘဝကြီးတခုလုံး နန်းတော်ထဲမှာ လှည့်ပတ်နေရင်းမသေချင်ဖူး...နောက်ပီး ဖန့်ထျန်းကျိုနဲ့အတူတူနေတာများရင်လည်း ကလေးရလာနိုင်သေးသည်။

ဖန့်ထျန်းကျိုရဲ့ မျက်လုံးမှာပေါ်နေတဲ့ သူ့ရဲ့စိတ်ခံစားချက်တေဟာ အတက်အကျများပြီး သူ့ရဲ့ အားတေကလည်း ဟယ်ကျန်းအပေါ်ပိုပီး ပြင်းထန်လာတယ်..သူ့ပုံစံက မစားရတာကြာတဲ့ အရာကို အများကြီးစားနေသလိုပဲ...နောက်တော့ ဟယ်ကျန်းလည်း ပင်ပန်းကာ အိပ်ပျော်သွားသည်။

...................................🌺...................................

ဟယ်ကျန်း ပင်ပန်းမှုများစွာနဲ့ အိပ်ယာမှ နိုးလာပြီဖစ်တယ်..ထို့အပြင်ဖန့်ထျန်းကျိုကလည်း ညီလာခံသွားပြီဖစ်သည်။ဟယ်ကျန်း အစေခံတယောက်ကို ချိုးရေပြင်ခိုင်းပြီး အဝတ်ချွတ်လိုက်တယ်။ သူ့ခန္ဓာကိုယ် က အမှတ်အသားတေကြောင့် အစေခံတေသာမက သူ့ကိုသူပါအံ့သြမိနေသည်။ ထို့နောက် အစေခံတေကို ထွက်သွားခိုင်းကာ ရေစည်ထဲ ဝင်စိမ်လိုက်တော့သည်။
ဖန့်ထျန်းကျို...ခွေးလိုကောင်...သူ့လက်မှာတောင် သူ့အမှတ်အသားတေနဲ့ ကိုက်ရာတေက ဘလပွ ပင်ဖစ်သည်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now