အပိုင်း၃

5.2K 603 6
                                    

UNICODE
လော့ယွမ်ဟော်မှာတကယ်တော့ "ကျန့်ဟို"က မဖစ်တဲ့အတွက် သူ့မှာ မိတ်ဆွေအပေါင်းအသင်းပေါများတယ်။ဒါဆို ဟယ်ကျန်း
သူ့ကို အကူအညီတောင်းလို့ရပြီပေါ့...တကယ်လို့ ဝတ္ထုထဲက ဇာတ်ကြောင်းတေသာမှန်ခဲ့မယ်ဆိူရင် လော့ယွမ်ဟော် ကသူ့(ဟယ်ကျန်း)ရဲ့ တောင်းဆို ချက်ကိုငြင်းမှာမဟုတ်ဖူး။

ဒါပေမဲ့ ဟယ်ကျန်း  Taiyuanမှာရှိနေတဲ့ လော့ယွမ်ဟော်ကို တိုက်ရိုက်သွားတွေ့လို့မရနိုင်ဖူး...သူသာ အဲ့လိုလုပ်လိုက်ရင် ဖန့်ထျန်းကျို ကသူ့ကို သံသယဝင်သွားလိမ့်မယ်။

ဟယ်ကျန်း ဗိုက်ထဲကို အစာဖြည့်ပြီးတာနဲ့ နန်းတော်ထဲကို လျှောက်ကြည့်ဖို့ ပြင်လိုက်တယ်။ သူလျှောက်ကြည့်နေရင်း ဖြတ်သွားတဲ့မိန်းမစိုးလေးတယောက်ကိုခေါ်ပြီး
"Wenyuan Pavilion က ဘယ်နားမှာရှိတာလဲ?"

Wenyuan Pavilion ဆိုတာ နန်းတော်ရဲ့ စာအုပ်
တေ သိမ်းဆည်းတဲ့နေရာဖြစ်သည်။ဟယ်ရှန်းကော် က Wenyuan Pavilion မှာပျောက်ကွယ်သွားတဲ့ ဆေးစာအုပ်အချို့အတွက် လော့ဟွမ်ဟော်ကိုပြုစုပြဌာန်းဖို့နန်းတော်သို့ အကြံပြုခဲ့သည်။

ဟယ်ကျန်း ရဲ့အဆောင်အနောက်ဘက်ကPize Hall ဖြစ်သောကြာင့် ဟယ်ကျန်း
ကိုWenyuan Pavilion အပြင်ဘက်ရှိ လော့ဟွမ်ဟော် က မကြာခဏချောင်းကြည့်တတ်ကြောင်းကိုမူရင်းဝတ္ထုမှာ
ဖော်ပြထားသည်ဆိုတာ ကို ဟယ်ကျန်း သတိရမိသွားသည်။  ဖန့်ထျန်းကျို ကသူ့ဆီလာတိုင်း Wenyuan Pavilion ကို ဖြတ်သွားရတယ်...

မိန်းမစိုးလေးက ဟယ်ကျန်းရဲ့ အသွင်အပြင်ကိုကြည့်ပြီး သာမာန်လူမဟုတ်မှန်း ရိပ်မိသွားတယ်။အဲ့ဒါကြောင့်"Wenyuan Pavilion ကိုသွားတဲ့ လမ်းက နည်းနည်းရှုပ်တော့ ဒီကျွန်နားလည်အောင်မရှင်းပြနိုင်မှာစိုးရွံ့မိပါတယ်။အဲ့ဒါကြောင့် လမ်းမှန်ကို လိုက်ပြပါရစေ"

"ကျေးဇူးတင်ပါတယ်"လို့ ဟယ်ကျန်းအားတက်သရောပြောလိုက်တယ်။
"ဒီကျွန် သခင်လေးအတွက် ဆောင်ရွက်ရတာကိုက ကောင်းချီးတခုပါ။ ကျေးဇူးတင်တာကို မခံယူဝံ့ပါဖူး။"

မိန်းမစိုးလေးက ခပ်ကုန်းကုန်း လမ်းလျှောက်ပြီး သူ့ကို လမ်းပြတယ်။ သူက မိိန်းမစိုးကို မတ်မတ်လျှောက်ဖို့ ပြောချင်ပေမဲ့လည်း ဒီခေတ်က စည်းကမ်းတေကို ဟယ်ကျန်း နားမလည်တာကြောင့် နှုတ်ဆိတ်ပြီး မိန်းမစိုးနောက်ကိုသာ လိုက်လာခဲ့တော့တယ်။"ဒီနေရာပါ သခင်လေး"လို့ ရိုသေစွာပြောလိုက်တော့တယ်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now