အပိုင်း၂

5.9K 651 3
                                    

UNICODE

ကြမ်းပြင်ရဲ့ အအေးဓာတ်ကပိုပြီး အေးစိမ့်လာပေမဲ့ ဟယ်ကျန်းရဲ့ ဆေးရှိန်က တဖြည်းဖြည်း ပြယ်လာပြီဖစ်လို့ နေလို့သက်သာလာတယ်။

ဖန့်ထျန်းကျိုဆိုတဲ့သူ သူ့ကိုမမြင်ပဲ အပြင်ကိုထွက်သွားဖို့ဆုတောင်းနေမိတယ်။သူ့(ဟယ်ကျန်း)ရဲ့ ကိုယ်က သက်သာနေပြီဆိုပေမဲ့လည်း အားနည်းနေသေးတာကြောင့် ဒီလိုအကြာကြီး ပုန်းနေဖို့အဆင်မပြေဖူး...ဒါကြောင့်ဖန့်ထျန်းကျို မြန်မြန်ထွက်သွားဖို့သာမျှော်လင့်နေတော့တယ်။

အနက်ရောင်ဖီးနစ်မျက်လုံးတစုံက သူ့(ဟယ်ကျန်း)ကို ကြည့်နေတာသတိမထားမိခဲ့ဖူး။
သူ(ဟယ်ကျန်း)က ဖန့်ထျန်းကျိုထွက်သွားပြီအထင်နဲ့ ပုန်းနေတဲ့ နေရာက ထွက်လာတော့
ခန့်ညားပြီး တောက်ပတဲ့အနက်ရောင်
ရွှေနဂါး ဝတ်စုံကို ဝတ်ထားတဲ့သူနဲ့ တည့်တည့်တိုးတော့တယ်။ ထိုသူရဲ့ခေါင်းကဆံပင်တေက ရွှေသရဖူနဲ့ ဖွဲ့ထုံးထားပြီး
သရဖူက ကြိုးခရမ်းရောင်အစေ့လေးတေကလည်း သူ့နဂါးဝတ်ရုံပေါ်မှာ တလက်လက်တောက်နေတော့တယ်။

ဖန့်ထျန်းကျိုက ဟယ်ကျန်းကို စစတွေ့ခြင်းမှာ ခက်ထန်ခြင်းမရှိခဲ့ဖူး။ ဒီတိုင်းဟယ်ကျန်းကို ပုံမှန်အကြည့်တေနဲ့ ကြည့်ခဲ့တယ်။ ဟယ်ကျန်းလည်း သူ့ရှေ့က သူကို ဖန့်ထျန်းကျိုမှန်း သတိထားမိကာ ဒူးထောက်လိုက်ဖို့ ကြိုးစားတော့တယ်။

21ရာစုက ဟယ်ကျန်းက gameတေနဲ့ အချိန်ကုန်လေ့ရှိတာကြောင့် ရှေးခေတ်က စကားပြောပုံ နှုတ်ဆက် ပုံတေကို သူနားမလည်ဖူး။အဲ့ဒါကြောင့် သူကြည့်ဖူးတဲ့ Qingဆိုတဲ့ ဇာတ်ကားထဲက အတိုင်းဒူးထောက်ပြီး "ဧကရာဇ်ကို နှုတ်ခွန်း ဆက်သပါတယ်"လို့ပြောချင်ပေမဲ့ သူ့ခန္ဓာကိုယ်က အားနည်းတာကြောင့် လဲကျသွားတော့တယ်။

'ဘာလဲ...ငါဗိုက်ဖောက်ခံရပြီး အသတ်ခံရတော့မှာလား..သူ့ကိုမရိုမသေဆက်ဆံလို့လေ...သူဒီကမ္ဘာကိုရောက်တာ တရက်တောင်မပြည့်သေးဖူး'

ဖန့်ထျန်းကျိုက သူ့ရဲ့ မျက်ခုံးကို ပင့်လိုက်ပြီး "ဟယ်ရှန်းကော်က အမြင်ကောင်း
​ရှိပီး ပါးနပ်တဲ့သူတယောက်ပဲ"

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now