အပိုင်း ၂၈

2.6K 360 14
                                    

Unicode

ဖန့်ထျန်းကျိုတယောက် ခန့်ခန့်ညားညားပြုံးရင်း ဟယ်ကျန်းလုပ်လာမည့်အမူအရာလေးကိုငုံ့ကြည့်နေမိသည်။

ဟယ်ကျန်းလည်း သူပြောလိုက်သည့်စကားက သူ့ကိုအဲ့လောက်ဒုက္ခပေးလိမ့်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ပေ..ထို့ကြောင့်သူ့မျက်နှာကမသာမယာဖစ်ကာ  ဖန့်ထျန်းကျိုရဲ့မျက်နှာ နားကိုနှုတ်ခမ်းအနည်းငယ်ဆူကာ ချင်းကပ်သွားတော့သည်။

ထို့နောက် ဖန့်ထျန်းကျိုနှုတ်ခမ်းအား နမ်းကာ လျှာဖြင့်လျှက်ရင်း ပူနွေးသောအနမ်းကိုသူကိုယ်တိုင်ပင် စတင်လိုက်ရတော့သည်။
ဒါကြီးကတကယ်ကိုရှက်ဖို့ကောင်းတယ်လေ...

ဟယ်ကျန်းရဲ့အမူအယာတိုင်းက ဖန့်ထျန်းကျိုကိုပျော်စေသည်ဆိုတာငြင်းလို့မရနိုင်သောကိစ္စပင်ဖစ်သည်။ ဖန့်ထျန်းကျို၏အပျော်သည် သူ၏မျက်လုံးများကိုကူးစက်သွားတော့သည်။

ဟယ်ကျန်း သူ့၏လျှာအား ဖန့်ထျန်းကျိုနှုတ်ခမ်းသို့လျှက်လိုက်ချိန်တွင် ဖန့်ထျန်းကျို၏ သွေးများ ပြောင်းပြန်လှန်သွားသလိုပင်ခံစားရကာ သူ၏ခန္ဓာကိုယ်အောက်ပိုင်းကလည်း ဆန္ဒပြနေပြီဖစ်သည်။ထို့ကြောင့် ဟယ်ကျန်းကို အားပါပါ ဆွဲယူပြီး မွတ်မွတ်သိပ်သိပ် နမ်းရှိုက်တော့သည်။

ဟယ်ကျန်းလည်း ဖန့်ထျန်းကျိုနဲ့ဖြတ်သန်းခဲ့ရသည့်ညများဆက်တိုက်ဖစ်နေသည်ကို သတိပြုမိသွားသည်။ ဒီ​နေ့
ကိစ္စသည်လည်း သူ့လျှာအတွက်ပေးဆပ်ရခြင်းဖစ်ပေမဲ့ ကိုယ်ဝန်ရသွားမည်ကိုအလွန်ပင်ကြောက်ရွံ့မိ၏။ ထို့ကြောင့်အနည်းငယ်ငြင်းဆန်ရန်ပြုလိုက်သည်။

ဖန်ထျန်းကျိုလည်းဟယ်ကျန်းရဲ့အမူအရာကိုသတိပြုမိတာကြောင့်ဟယ်ကျန်းပါးပြင်လေးဟာ ငြင်ငြင်သာသာ ပွတ်သပ်ကာ
"ဘာဖြစ်လို့လဲ ကျန်းအာ?"

"အရှင်..ကျနော်မျိုး နေရတာအဆင်မပြေ
ဘူးဖစ်နေတယ်"

ဖန့်ထျန်းကျိုလည်း မျက်မှောင် ကျုံ့ရင်း
"ဘယ်နေရာကအဆင်မပြေတာလဲ?"

ဟယ်ကျန်းလည်း ခေါင်းလေးကိုငုံ့လိုက်ကာ အဆင်မပြေသောနေရာအားကြည့်လိုက်သည်။
ဖန့်ထျန်းကျိုလည်း ဟယ်ကျန်းပြချင်သောနေရာကို လိုက်ကြည့်ရင်း ဟယ်ကျန်းရဲ့စကားကိုနားထောင်လိုက်သည်။
"အရှင်..ကျနော်မျိုးခန္ဓာကိုယ်ပြောင်းလဲသွားပြီးကတည်းကလတစ်လဆီရဲ့ ရက်အနည်းငယ် တိုင်းမှာ ဝမ်းဗိူက်ကနေ နာကျင်မှုဒဏ်ကိုခံရလေ့ရှိပါတယ်"

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now