အပိုင်း၂၇

2.5K 359 17
                                    

Edit စာမစစ်ထားပါ

သို့သော်လည်း ဖန့်ထျန်းဟွာမှာဖန့်ထျန်းကျိုလောက်အရှိန်အဝါမကြီးပေမဲ့ ဒီကမ္ဘာ၏ အဓိကဇာတ်ကောင်ဖစ်နေသေး၏။ဒါဆို အခုလိုက်သတ်နေတဲ့ ဖန်ထျန်းဟွာရဲ့ နောက်လိုက်လူသတ်သမားကြောင့်တယောက်ယောက်တော့သေမည်မဟုတ်ပါလား..တကယ်သေနိုင်သည့်သူမှာ ဟယ်ကျန်းဆိုတဲ့အမြှောက်စာဇာတ်ကောင်အပြင် တခြားသူမရှိပါလေ..ထိုအကြောင်းတွေူမိတော့ ဟယ်ကျန်းအတော်လေးပင်တုန်ရီနေတော့တယ်။ သူခေါင်းမော့ကာ ဖန့်ထျန်းကျိုကို ကြည့် လိုက်တော့ အေးစက်တဲ့မျက်လုံးတေနဲ့စိုက်ကြည့်နေတဲ့ ဖန့်ထျန်းကျိုကိုတွေ့လိုက်ရတယ်။ဖန့်ထျန်းကျိုလည်း တည်ငြိမ်အေးစက်တဲ့အသံနဲ့
"မင်းက ဘာလို့ ငါ့ကို အမြဲတမ်း ကြောက်နေရတာလဲ"လို့မေးလိုက်သည်။

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

အပိုင်း၂၇

ဖန့်ထျန်းကျိုရဲ့မေးခွန်းအတွက် ဟယ်ကျန်းမှာ တကယ်အဖြေမရှိခဲ့ပေ...

သူအ့မေးခွန်းကိုမဖြေချင်တာကြောင့် အဝေးကိုလှမ်းကြည့်လိုက်ပေမဲ့ ဖန့်ထျန်းကျိုက သူ့မေးစေ့ကို မော့စေပြီး
"ပြောလေ..ကျန်းအာ"

ဖန့်ထျန်းကျို ညင်ညင်သာသာ ပြောပေမဲ့လည်း ဟယ်ကျန်း ထိုလေသံကိုတောင် ငြင်းဆန်ခြင်းမပြုနိုင်ခဲ့ပေ...ဒီကမ္ဘာရဲ့သားတော်
ဖန့်ထျန်းကျိုရဲ့ သြဇာကအရမ်းကိုကြီးမားလှပေသည်။

ဖန့်ထျန်းကျိုလည်း ထပ်မမေးပဲ ဟယ်ကျန်းကိုမျက်နှာတည်ဖြင့် ဆက်ကြည့်နေလိုက်၏။ ဟယ်ကျန်းလည်း အသံမထွက်တဲ့ ဖန့်ထျန်းကျိုက ပိုကြောက်ဖို့ကောင်းတယ်ဆိုတာ သိမြင်လာရသည်။ ထို့ကြောင့် မြင်းပေါ်က ခုန်ချချင်တဲ့သူ့စိတ်လေး ခဏခဏပေါ်လာရသည်။

ဖန့်ထျန်းကျိုလည်း ခေါင်းမာနေတဲ့ ကလေးကိုတချက်ကြည့်ကာ ဟယ်ကျန်းရဲ့ ခါးသေးသေးလေးကို သိမ်းဖက်လိုက်ပြီး နူးညံ့စွာနမ်းလိုက်သည်။
"ကျန်းအာ..မင်းအပြစ်လုပ်ထားရင်တောင် ကိုယ်တော်က ခွင့်လွှတ်ပေးမှာမိူလို့ ပြောပါ"

"......"
ဟယ်ကျန်း တိုးတိုးလေး ပြောလိုက်ပေမယ့်
အကြားအာရုံကောင်းတဲ့ဖန့်ထျန်းကျိုတောင် ရှင်းရှင်းလင်းလင်း မကြားရဘူး။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now