အပိုင်း၇

3.5K 503 13
                                    

UNICODE

"ကျန်းအာ...ကိုယ်တော် မင်းရဲ့လျှာကို ဖြတ်လိုက်ရမလား?"
ထိုစကားကိုကြားတော့ ဟယ်ကျန်းတယောက် စက္ကန့်အနည်းငယ်လောက် ငိုသံတိတ်သွားတော့တယ်...

သူဒီလိုငိုနေရတာက အကြောင်းရင်းနှစ်ချက်ကြောင့်ပဲ...
ပထမတချက်-သူသိမ်းထားတဲ့ သန္ဓေတားဆေးတေပျောက်သွားပြီ...
ဒုတိယတချက်-သူတကယ်ကြီး ဗိုက်ဆာနေတာရယ်..
ဒါတောင် ဖန့်ထျန်းကျို ကသူ့ကိုသတ်မယ်တကဲကဲလုပ်နေသေးတယ်...
ဖန့်ထျန်းကျိုလိုလူမျိုးက လုပ်မယ်ဆို တကယ်လုပ်တဲ့သူ...သူ့လျှာလေးကိုဖြတ်လိုက်ရင် ဘယ်လိုလုပ်ရပါ့မလဲ?

ဟယ်ကျန်းရဲ့ မျက်လူံးထဲမျက်ရည်တေ ဝေ့တက်လာကာ..."ဒါပေမဲ့ ကျနော်တကယ် ဗိုက်ဆာနေတာရယ်"

၁၅မိနစ်လောက်ကြာတဲ့အချိန်မှာPize Hallအဆောင်ထဲ၌အစားအသောက်များပြည့်နှက်သွားတော့တယ်...ဖန့်ထျန်းကျိုဟာ ထိုင်ခုံတခုတွင် ခြေထောက်တချောင်းအောက်ချပြီး နောက်တချောင်းကိုတော့ ချထားတဲ့ ခြေထောက်ပေါ်တွင်တင်လျက် ဟယ်ကျန်းကိုမျက်မှောင်ကြုံ့ကာကြည့်နေတော့တယ်...

ဟယ်ကျန်းကလည်း စားပွဲပေါ်မှာ ချထားတဲ့စားစရာတေကို ဖြည်းဖြည်းချင်းဝါးရင်း သူ့ရဲ့ဆာနေတဲ့ဗိုက်လေးကို ဖြည့်တင်းနေတော့တယ်...သူ့ကို အာဏာရှင်ကြီး စိုက်ကြည့်နေတာကို သူသိတာကြောင့် မျက်လုံးကိုဝင့်ကြည့်လိုက်တော့ ဖန့်ထျန်းကျို နဲ့ မျက်လုံးခြင်းဆုံကြပြီး
သူ့နှလုံးသားလေး လှုပ်ခါသွားတော့တယ်..

သေချာတာတခုကတော့ သူ့ရဲ့သန္ဓေတားဆေးလေးဟာ ဖန့်ထျန်းကျိုရဲ့အိပ်ဆောင်မှာကျန်ခဲ့ခြင်းဖစ်သည်။ သူpize hallအဆောင်ကို အိပ်ပျော်နေတုန်းပြောင်းရမယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဖူးဖူး...ပုံမှန်လူတေလို ပစ္စည်းလေးတေသိမ်းစရာရှိတာသိမ်းပြီးမှ ပြောင်းရမယ်လို့ ထင်ထားခဲ့တာ...နောက်ပြီး ဖန့်ထျန်းကျို အိပ်ဆောင်ထဲကို အစေခံတေ ဝင်သန့်ရှင်းရေးလုပ်ရင်တောင်မှ သူ့ဆေးကိုတွေ့မှာမဟုတ်ဖူး..သူသေသေချာချာကို သိမ်းထားခဲ့တာ..

ဟယ်ကျန်း ဟာ ထမင်းလေးတေကိုနည်းနည်းချင်းဆီစားနေတာ ဖန့်ထျန်းကျို မြင်တော့ သူ့(ဖန့်ထျန်းကျို)မျက်လုံးတေဟာ မဲမှောင်သထက်မဲမှောင်လာတော့တယ်...

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now