အပိုင်း၁၀

3.5K 479 6
                                    

UNICODE

သူက တကယ်တော့ မြင်းလည်းမစီးချင်သလို အမဲလည်းမလိုက်ချင်ဖူး။ဒါပေမဲ့ သူနန်းတော်ထဲက ထွက်ပြေးချင်နေတုန်းပဲ...

ဖန့်ထျန်းကျိုက သူ့ကိုမသင်္ကါတဲ့ အကြည့်နဲ့ကြည့် နေတော့ ဟယ်ကျန်းပုံကအေးအေးဆေးဆေးပေမဲ့ စိတ်ထဲမှာတော့ အရမ်းကြောက်ရွံ့နေပြီဖစ်တယ်။ နောက်ပီး ဖန့်ထျန်းကျို သူ့ကိုပြောလိုက်တဲ့စကားက တခြားအဓိပ္ပါယ်တေပါနေသလိုပဲ...

ဟယ်ကျန်းဟာ စိတ်လှုပ်ရှား မှုကိုထိန်းဖို့အတွက် အင်္ကျီဝတ်ဖို့ ပြင်လိုက်တော့တယ်။ ဒါပေမဲ့ သူ့ကို ဖန့်ထျန်းကျိုက စိုက်ကြည့်နေလေတယ်။ သူ့ပုံစံက သူ့ဆံပင်တေကို မချည်နှောင်ပဲ ချထားကာ အင်္ကျီက ခါးစည်းကြိုးကိုလည်း လုံအောင် မချည်ထားပေ...သူငါ့ကိုတခုခုလုပ်ဖို့များတွေးနေတာလား လို့ ဟယ်ကျန်းတွေးမိသွားတော့တယ်။

ဒါပေမဲ့ အစေခံလာပေးတဲ့ဝတ်စုံကို ဝတ်လိုက်တော့ ထူးဆန်းနေတာကိုတွေ့လိုက်ရတယ်..
"ဒါက........"

ဖန့်ထျန်းကျိုက သူ့လက်ကို ဆန့်လိုက်ပြီး ဟယ်ကျန်းကို လာဖို့ခေါ်တော့တယ်။

ရှေးခေတ်က ကိုယ်လုပ်တော်တေ တော်တော်ပင်ပန်းတာပဲ...မအိပ်ခင်လည်း အပင်ပန်းခံရသလို
အိပ်ယာထတော့လည်း အပင်ပန်းခံရသေးတယ်။ဘယ်မလဲ..ကိုယ်လုပ်တော်တေအတွက် တရားမျှတမှု...

ဟယ်ကျန်းလည်း အိပ်ယာပေါ်အလိုက်တသိ တက်ပြီး ဖန့်ထျန်းကျို အိပ်ယာပေါ်တက်လာတာကိုစောင့်နေလိုက်တော့တယ်။ဖန့်ထျန်းကျိုက ဟယ်ကျန်းရဲ့ အမူအရာကိုကြည့်ပြီး"ဘာလဲ မပျော်ဖူးလား?"

ဟယ်ကျန်း သူ့ပုံစံကို ချက်ချင်း ပြောင်းလိုက်ကာ"အဲ့လိုမဟုတ်ပါဖူးအရှင် ,အရှင့်အတွက်ထမ်းဆောင်ရတာကိုက ကျနော်မျိူးအတွက် ကောင်းချီတခုပါ..."

ဖန့်ထျန်းကျိုက ဟယ်ကျန်းရဲ့ အမူအရာပြောင်းလဲပုံတေကို သေချာကြည့်နေခဲ့တယ်။ နောက်ပီး သူ့ခါးက ခါးပတ်ကိုချည်ဖို့ ပြင်တော့တယ်။ ဒါပေမဲ့ သူ့ဗိုက်က ကြွက်သားတေနဲ့ ရင်ဘက်ကျယ်ကျယ်တေကို မြင်နေရတာကြောင့်ဟယ်ကျန်း သူ့ဆီကနေ အကြည့်လွှဲသွားတော့တယ်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now