အပိုင်း၁၈

2.8K 407 3
                                    

Unicode

နန်းမိန့်လျန် တယောက် ကြောင်အစွာနဲ့ ဒူးထောက်လိုက်ပြီး "သခင်လေး..ဒါက...."

"ဘာ သခင်လေးလဲ? ငါ့ဘွဲ့က ပြောင်းသွားပြီလေ..မင်းမေ့နေတာလား နန်းမိန့်လျန်?"လို့ ပြောရင်း  မေးစေ့ကိုလက်နဲ့ပွတ်ကာ ရွဲ့ယီချပေးထားသောခုံတွင် မိန့်မိန့်ကြီးထိုင်လိုက်တယ်။

"ဟုတ်ကဲ့ပါ ရှန်းရှုမယ်မယ်... ကျနော်မျိုး ဘာများအပြစ်လုပ်မိပါသလဲ?"လို့ နန်းမိန့်လျန် မေးလိုက်လေတယ်..

"ဘာ...ငါတောင်မှတ်မိနေသေးတာကို မင်းက မမှတ်မိဖူးပေါ့လေ"လို့ ဟယ်ကျန်းအေးစက်စွာပြောလေတယ်။

".........."

ဟယ်ကျန်း ဟယ်အိမ်တော်ကိုပြန်တော့ ဧကရာဇ် မှာ မနေနိုင်ပဲ ဟယ်အိမ်တော် ကိုလိုက်လာတာကိုနန်းမိန့်လျန် သိပါ၏..ထို့အပြင် သူ့ရဲ့ ဧကရာဇ် က ဒီကလေးအပေါ် သူများတေထက်သာလွန်တဲ့ စိတ်သဘောထားရှိနေတာကိုလည်း နန်းမိန့်လျန်ရိပ်မိပြီးသားဖစ်တယ်...အဲ့ဒါကြောင့်
"ရှန်းရှုမယ်မယ်... ဒီကျွန်က မယ်မယ်ကို စိတ်နဲ့တောင် နာကျင်စေခြင်းမရှိခဲ့ရပါဖူး..နောက်ပြီး မယ်မယ်လိုလူမျိုးကို ဘယ်သူမလွန်ဆန်ရဲပါဖူး။နောက်ပြီး မယ်မယ် မကျေနပ်လို့ ဒီကျွန်ကို အပြစ်ပေးချင်တယ်ဆိုရင်လည်း ဒီကျွန်ကျေနပ်စွာ ခံယူပါ့မယ်"

နန်းမိန့်လျန်ဆိုတဲ့သူက ပထမဆုံး ဖန့်ထျန်းကျိုရဲ့ဘက်မှာရှိနေခဲ့တဲ့သူဖစ်တယ်။ သူ့အသက်ကို ဖန့်ထျန်းကျိုက ကယ်ဆယ်ခဲ့တာကြောင့် နန်းမိန့်လျန်ဟာ သူ့အသက်ကိုပေးပြီးတော့တောင် ဖန့်ထျန်းကျိုအပေါ်သစ္စာရှိမဲ့သူဖစ်တယ်။ဖန့်ထျန်းကျိုက နန်းမိန့်လျန် ရဲ့သစ္စာခံမှုကို လက်မခံခင်
"ငါ ဘယ်နေရာထိရောက်နိုင်မယ်လို့ မင်းထင်လဲ နန်းမိန့်လျန်?"

ထိုအချိန်တွင် ဖန့်ထျန်းကျိုသည် ရာဇပလ္လင်ကို သိမ်းပိုက်ရန် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်တယ်...နန်းမိန့်လျန် ကလည်း သူ့အမြင်အတိုင်း ဖန့်ထျန်းကျိုကိုပြောလေတယ်။
"အရှင်က သာ ရာဇပလ္လင်နဲ့ ထိုက်တန်သူပါ..အရှင် ဘယ်ဘက်ကို ရပ်တည်နေ ရပ်တည်နေ ဒီကျွန်က အရှင့်ဘက်ကိုရပ်ပါ့မယ်...
ဒီကျွန်ဟာ အရှင့်အပေါ် သေတဲ့အထိ သစ္စာစောင်သိပါ့မယ်"

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now