အပိုင်း၁၇

2.7K 427 11
                                    

Unicode

ဟယ်ကျန်းမှာလည်း အားလုံးနဲ့တူတူ ဒူးထောက်ကာ ဂါရဝပြုလျက်ရှိနေတော့တယ်။ ဖန့်ထျန်းကျို ဟယ်ကျန်းကိုကြည့်လိုက်တော့ ဟယ်ကျန်း
မျက်နှာလေးမှာ နဂိုအတိုင်း နှင်းပွင့်လိုဖြူဖွေးကာ နှာခေါင်းလေးကလည်း ချယ်ရီသီးလိုနီရဲနေလျက်ရှိတယ်။

ထို့နောက်ဖန့်ထျန်းကျိုပြောလိုက်တာက
"ကျန်းအာ..မင်းရဲ့ မွေးဖခင်အိမ်ကိုအလည်ပြန်ရတာပျော်ရဲ့လား?"

ထိုစကားကိုကြားတော့ ဟယ်ကျန်းတယောက်အာစေးမိသလိုဖစ်ကာ မျက်လုံးထဲ မျက်ရည်တေရစ်သိုင်းလာတော့တယ်...ပထမက မငိုဖူးလို့ဆုံးဖြတ်ထားပေမဲ့ ဖန့်ထျန်းကျိုရဲ့အမေးစကားကသူ့ကို ပြိုလဲစေတယ်..
"ဟင့်အင်း မပျော်ပါဖူးအရှင်"

ခေါင်းငုံ့ ဒူးထောက်ကာ အရိုအသေပေးနေတဲ့ လူတေကြား ဟယ်ကျန်း ဖြေးဖြေးချင်းဖြတ်လာကာ ဖန့်ထျန်းကျိုရဲ့ ရင်ခွင်ထဲ ဝင်နေလိုက်ပြီး
"နောက်ပီး..ကျတော်က အရှင့်ကိုလည်း လွမ်းနေတာရယ်"

ဖန့်ထျန်းကျိုထိုစကားကိုကြားတော့ သူ့ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို ငုံ့ကြည့်လိုက်တော့တယ်။
"အရှင်သိလား...အရှင် ကျနော့်ကိုမလိုချင်တော့လို့ ကန်ထုတ်လိုက်တယ် ဆိုပြီးဒီကလူတေအားလုံးကထင်နေတာရယ်..နောက်ပြီး ကျနော့်ကိုလည်း ကောင်းကောင်းမဆက်ဆံကြဖူး..အရှင့်ရဲ့ တော်ဝင်ရထားလုံးတေအားလုံးကို အရှေ့ဂိတ်ကနေ ဝင်ခိုင်းပေမဲ့ ကျနော့်ကိုကျတော့ အစေခံတေဝင်တဲ့ အနောက်ဂိတ်ကနေ ဝင်ခိုင်းတာ....ကျနော်လေ ဝမ်းနည်းလွန်းလို့ သေတော့မလိုပဲ..."ပြောရင်း တရှုံရှုံငိုကျွေးနေလေတယ်..သူ့ရဲ့ငိုကျွေးမှူကြောင့် အနက်ရောင် ဆံနွယ်တေကို တလှုပ်လှုပ်ဖစ်နေလေတယ်..ဖန့်ထျန်းကျို ဟယ်ကျန်းရဲ့မေးကို မော့စေတော့ မျက်ရည်တေကို အလျင်အမြန်သုတ်ထားတာကြောင့် မျက်နှာလေးဟာ နီရဲနေလေတယ်။
ဖန့်ထျန်းကျိုက ဆံနွယ်လေးတေကို ပွတ်သပ်
ပေးရင်း "ပြီးတော့ ဘာဆက်ဖစ်သလဲ ကျန်းအာ?"

"ပြီးတော့....."

"ဧကရာဇ် အရှင်!....အဲ့ကောင်ရဲ့ စကားကိုပဲ မယုံကြည်ပါနဲ့"လို့ ဟယ်ရှန်းဖူ ကဝင်ပြောလေသည်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Opowieści tętniące życiem. Odkryj je teraz