အပိုင်း၆

4K 524 9
                                    

UNICODE

ကျန်းအာက သူ့စကားကို ဒီလိုမျိုးငြင်းပယ်လိမ့်မယ်လို့ ဘယ်တူန်းကမှမထင်ထားပေ....သူကိုယ်တိုင်က စိတ်ထဲရှိရင် ရှိသလို ပြောတတ်တဲ့သူမလို့ ထုတ်ပြောလိုက်ခြင်းသာဖစ်တယ်။ ကျန်းအာ ရှက်သွားမယ်လို့ ပထမက ထင်ခဲ့မ်သည်..သူအထင်မှားသွားခြင်းလား...

ဖန့်ထျန်းကျို ခပ်ဟဟရယ်ကာ ကျန်းအာရဲ့ ပါးလေးကို ငုံ့နမ်းလိုက်တော့တယ်....ဒါပေမဲ့ ကျန်းအာက သူ့ကိုမရှိသလိုပင် ဟန်ဆောင်နေသေးသည်။ ဖန့်ထျန်းကျိုတယောက် ဟယ်ကျန်းရဲ့အမူအရာလေးကိုကြည့်ကာ ပြုံးတာပင်မရပ်တော့ပေ..ခဏအကြာတော့ ဖန့်ထျန်းကျိုတယောက် ခုံပေါ်ကို သွားထိုင်လိုက်တော့တယ်...
ထို့နောက် စုတ်တံကို ကိုင်ကာ
"ကျန်းအာ...ကိုယ်တော့်ကို မသိချင်အောင်ဆောင်မနေနဲ့တော့...ကိုယ်တော်မင်းကို စုတ်တံနဲ့စာရေးနည်းသင်ပေးမယ်"

ဟယ်ကျန်း လည်း ဖန့်ထျန်းကျိုပြောသလို စာရွက်ပေါ်မှာ မှင်နဲ့ လိုက်ရေးကြည့်တော့တယ်။ နန်းတွင်းကားတေထဲမှာ မှင်နဲ့ စုပ်တံနဲ့ စာရေးတာက လွယ်ကူတယ်လို့ထင်ရပေမဲ့ တကယ်တန်းက ထင်သလောက်မလွယ်ဖူး...ဒီလုပ်ငန်းစဉ်မှာ အဓိက လုပ်ဆောင်ရမှာက စိတ်ရှည်ခြင်းပဲ..ဒါပေမဲ့ သူ့လို gamerလေးက ဘယ်လိုလုပ်စိတ်ရှည်ပါ့မလဲ??

ဟယ်ကျန်းတယောက်စာရေးနေရင်း တချက်တချက် အိပ်တောင်ငိုက်သွားသေးသည်။ဖန့်ထျန်းကျိုတယောက် အိပ်ငိုက်နေတဲ့ ဟယ်ကျန်းကိုမြင်တော့"ကျန်းအာ..စုတ်တံကိုချလိုက်တော့"

ဟယ်ကျန်းထိုစကားကိုကြားတော့ စုတ်တံကိုချက်ချင်း ချကာ"ဒါဆို ကျနော်အနားယူလို့ ရပြီပေါ့နော်"

"ကိုယ်တော့်ခြေထောက်ကို နှိပ်ပေး"

ခင်ဗျားဦးလေးကိုသွားနှိပ်ခိုင်းလိုက်လေ!

ဟယ်ကျန်းတယောက် နာနာခံခံနဲ့ ဖန့်ထျန်းကျို ရဲ့ ခြေထောက် ပေါ် သူ့လက်ကလေးနှစ်ဖက်တင်ကာ စတင် နှိပ်နယ်ပေးတော့တယ်။ သူ့စိတ်ထဲမှာတော့ ဖန့်ထျန်းကျိုးရဲ့ ခြေထောက်ကို ဆယ်ခါပြန်လောက်ချိူးပြီးပြီဖစ်တယ်..ထို့နောက်မှာတော့ ဟယ်ကျန်းတယောက် ဖန့်ထျန်းကျိုကို နှိပ်ပေးရင်း ဖန့်ထျန်းကျိုး ရဲ့ ပေါင်ပေါ်ခေါင်းတင်ကာ အိပ်ပျော်သွားတော့တယ်....

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now