အပိုင်း၁၂

3.2K 441 5
                                    

Unicode

ဟယ်ရန်ပြောတဲ့အတိုင်း တောအုပ်ထဲမှာ ငှက်တေအများကြီးရှိတယ်။ ထိုငှက်တေကြောင့် စိမ်းစိုတဲ့ တောအုပ်နဲ့ ပြာလဲ့တဲ့ ကောင်းကင်ကြီးက ပန်းချီကားတချက်လိုပင် လှပနေသည်။

ဖန့်ထျန်းကျိုဟာ ဟယ်ကျန်းကို မြင်းစီးသင်ပေးခဲ့သည်။ ဟယ်ကျန်းက ဖန့်ထျန်းကျို သင်ပြ
ပေးတာကို နာခံပေမဲ့ တချက်တချက် ဟယ်ရန်ကို လှမ်းလှမ်းကြည့်နေမိသည်။

ဒါပေမဲ့ထူးခြားတာကဟယ်ရန်နဲ့ ဟယ်ကျန်းတို့အကြည့်ချင်းဆုံတိုင်းဟယ်ရန်ကအကြည့်မလွှဲသွားပဲ ဟယ်ကျန်းကိုပြုံးပြတတ်သေးသည်။

ဟယ်ရန်ရဲ့အပြုံးက တကယ်ကိုပင်လှပတယ်။ သူ့ပုံစံက သာမာန်ဆိုရင် သိမ်သိမ်မွေ့မွေ့ရှိပေမဲ့
စစ်ပွဲထဲမှာ သူ့တာဝန်သူ ထမ်းဆောင်ရတဲ့အခါမှာတော့ မထင်ထားလောက်အောင် ထူးချွန်သွားပြန်တယ်။ သူ့ပုံစံက ရေနဲ့မီးနဲ့ ရောထားသလိုပဲ..

သူ(ဟယ်ရန်)နဲ့ ဖန့်ထျန်းကျို အကြောင်းကိုပြောရမယ်ဆိုရင် ဟယ်ရန်ရဲ့အဘိုးဟာ ယင်ချန်းတိုင်းပြည်(ဖန့်ထျန်းကျိုရဲ့ တိုင်းပြည်)ရဲ့အမတ်တဦးဖစ်တယ်။ အဘိုးဟယ် ဟာ တော်ဝင်မိသားစုရဲ့ အရေးကြီးတဲ့အချက်အလက်တေကိုသိပြီးနောက်မှာ ထပ်ပြီး ဝင်မပါချင်တော့တာကြောင့် သူ့ရာထူးကနေ နှုတ်ထွက်ကာမွေးရပ်မြေကို ပြန်ခဲ့တယ်။ထိုအချိန် ဟယ်ရန်မမွေးသေးပေ...အချိန်တခုကြာပြီးနောက်မှာ ဟယ်ရန်ဟာ ငါးနှစ်သားအရွယ်ကိုရောက်ခဲ့တယ်။ ကံမကောင်းစွာ နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဟယ်မိသားစုလေးက လုပ်ကြံသတ်ဖြတ်သူတေရောက်လာတာကြောင့်သွေးချောင်းစီးခဲ့ရတယ်။
ကံကောင်းချင်တော့ ငါးနှစ်သားဟယ်ရန်လေးကမြို့ပြင်မှာ သူငယ်ချင်းတေနဲ့တူတူဆော့နေခဲ့တယ်။

တချို့သောသဲလွန်စတေကြောင့် မိသားစုကိုသတ်တဲ့သူမှာ အကောင်ကြီးကြီးထဲကမှန်းရိပ်မိပြီး အသက်၁၆နှစ်မှာ စစ်တပ်ထဲ ဝင်ရောက်ခဲ့တယ်။ငါးနှစ်ကြာတော့ ဗိုလ်ချုပ်နေရာကို ရရှိပြီး သူစုံစမ်းချင်တဲ့အရာတေမှန်သမျှကို လျှို့ဝှက်စွာစုံစမ်းနိုင်ခဲ့သည်။

အချိန်တခုအကြာမှာတော့ ဟယ်ရန်ဟာ လူသတ်သမားကို စုံစမ်းနိုင်သွားခဲ့တယ်။ ထိုသူဟာ ယင်ချန်းနိုင်ငံရဲ့ ဧကရာဇ်ဟောင်း ဖန့်ထျန်းကျို ရဲ့ဖခင်ပင် ဖစ်တယ်။ ဟယ်ရန်ဟာ လက်စားချေခြင်းကို တန်းမပြုလုပ်ပဲ ဖန့်ထျန်းကျိုဆီမှာပဲ မသိသလိုဟန်ဆောင်ပြီး အမှုထမ်းခဲ့တယ်။ အဲ့အချိန်ကဖန့်ထျန်းကျိုရဲ့ အာဏာစက်ဝန်းက ကြီးမားသလို ဖန့်ထျန်းကျို ကိုယ်တိုင်ကလည်း သန်မာတဲ့သူတယောက်ဖစ်တယ်။ဒါပေမဲ့ သူတို့နှစ်ယောက် တကယ်တိုက်ခိုက်ရပြီဆိုလျှင် ဟယ်ရန်ဘက်ကလည်း တလက်မမျှ လျော့ပေးဖို့ အကြံမရှိပေ...

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now