အပိုင်း၈

3.5K 499 12
                                    

UNICODE

အခု ဖန့်ထျန်းကျို ဘေးမှာ ရှိနေတဲ့ ကျက်သရေရှိတဲ့ အဖွားဟာ..ဖန့်ထျန်းကျို ကိုစိတ်ရင်းမှန်နဲ့ ဂရုစိုက်ပေးတဲ့ တစ်ဦးတည်းသောလူဖစ််တယ်..ဖန့်ထျန်းကျိုဟာလည်း သူ့အကို ကိုသတ်, သူ့အဖေကို လည်ပင်းညစ်သတ်ပြီးတာတောင်မှ သူ့ရဲ့ အဖွားဖြစ်တဲ့ သူကို ဧကရီကြီး နေရာက မဖယ်ထုတ်ခဲ့ဖူး။

ဖန့်ထျန်းကျိုဟာအေးစက်တဲ့ နှလုံးသားရှိပေမဲ့ သူဟာ သူ့အဖွားနဲ့တော့ ရင်းနှီး တဲ့ဆက်ဆံရေးရှိခဲ့တယ်...ထို့အပြင် ဖန့်ထျန်းကျိုဟာ မှန်လိုလူစားမျိုးပဲ...သူ့အပေါ် ကောင်းရင် သူကလည်း ဆိုးမည်မဟုတ်ပေ...

ထို့အပြင် ဧကရီအဖွားဟာလည်း ကြင်နာတတ်တဲ့သူပင်ဖစ်တယ်။ဟယ်ကျန်းတယောက် ဧကရီအဖွားဆီကနေ ခွင့်လွှတ်မှုကိုတောင်းခံချင်သည်။သူ တကယ်ကို နာကျင်ရမှာ ကြောက်နေမိသည်။

ခဏကြာတော့ သူ့နောက်ကို ရဲမက်တေရောက်လာပြီဖစ်တယ်...ဟယ်ကျန်းလည်း သူ့ကိုလာမဆွဲခေါ်ခင် ဧကရီအဘွားနှင့် ဖန့်ထျန်းကျို ရှေ့ကိုသွားကာဒူးထောက်လိုက်ပြီး
"အရှင်နဲ့ ဧကရီအဘွားကို ဂါရဝပြုပါတယ်...ကျနော်မျိုးက ဟယ်ကျန်းပါ"

ဧကရီ အဘွား သည် အသက် ခုနစ်ဆယ်နီးပါးရှိပြီဖစ်သည်။ သူမသည် သူမဘေးက  ဖန့်ထျန်းကျို ရဲ့အခြေအနေကို မသိမသာလှမ်းကြည့်လိုက်တယ်။ထိုကောင်လေးဟာ ဒေါသလည်း မထွက်သလို မျက်နှာတည်နဲ့ရပ်နေတော့တယ်။ ထိုအခါ
"ဒီလောက်လှပ တဲ့ ကလေးလေး တယောက်ငါတို့နန်းတော်ရောက်နေတယ်လို့ ငါဘာလို့ မကြားမိရတာပါလိမ့်?ဒါနဲ့ မင်းက ဘယ်သူလေးလဲကွယ်?"

"အမတ် ဟယ်ရှန်းကော် ရဲ့သား "လို့ ဖန့်ထျန်းကျို ပြန်ပြောလိုက်တော့တယ်။ ဧကရီအဘွားက ဖန့်ထျန်းကျို စကားကိုကြားပြီးသည်နှင့် ရှေ့သို့တိုးကာ ဟယ်ကျန်းလက်ကို ကိုင်ပြီး
"အော် ဒီကလေးကိုး...ဒီကိုရောက်နေတာဘယ်လောက်ကြာပြီလဲကွယ်?"

ဟယ်ကျန်းဟာ သူ့နောက်ကိုလိုက်လာတဲ့ ရဲမက်တေ သူ့ကိုဆွဲခေါ်ကာ ရိုက်တော့မည်ကိုကြောက်လန့်နေပြီဖစ်တယ်။ ထို့ကြောင့်
"ဧကရီအဘွား..ကျနော်မျိုးကို အပြစ်ပေးအူံးမှာလားဟင်?"

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now