အပိုင်း၁၄

3K 421 9
                                    

Unicode

ဟယ်ကျန်းတယောက် အရက်မူးနေတာကြောင့် ငိုကျွေးမြည်တမ်းရင်း သီချင်းတေ စပ်ဆိုနေခဲ့တယ်။ နောက်ဆုံး သူမောလာတာကြောင့် သီချင်းသံတေရော ငိုကျွေးသံတေရော တဖြည်းဖြည်းတိူးကာ ပျောက်ဆုံးသွားခဲ့တယ်။

သူအိပ်ပျော်တော့မယ်ထင်တယ်လို့ ဖန့်ထျန်းကျိုတွေးလိုက်မိတယ်။

ဖန့်ထျန်းကျို ဟာ အိပ်ဖို့အတွက် ကုတင်ပေါ်တက်ကာ လှဲလိုက်တော့တယ်။ ရုတ်တရက် ဟယ်ကျန်းက သူ့ လည်ပင်းက အင်္ကျီစကို ဆွဲဆောင့်ပြီး
"မင်းငါ့ကို ဘာထင်နေတာလဲ..ဟင့်...မင်း အနိုင်ကျင့်လို့ရချင်တိုင်းရမယ်လိုများထင်နေတာလား?"

ဖန့်ထျန်းကျို"........"

"မင်းကိုယ်မင်း အံ့သြစရာလူလို့ တွေးနေတာလား..?"

ဖန့်ထျန်းကျိုက သူ့ကို စိုက်ကြည့်ရင်း လက်ကို ဆန့်တန်းကာ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး "မင်းစကားကိုသတိထားပြောသင့်တယ်..မင်းအရက်မူးနေလို့ဆိုပြီး မင်းလက်တေခြေထောက်တေကို ဖြတ်ဖို့ဝန်လေးနေမဲ့အထဲမှာ ငါကိုယ်တော်မပါဖူး"လို့ပြောကာ ကုတင်ပေါ်ကဆင်းပြီး ခုံပေါ်သွားထိုင်လိုက်တော့တယ်။

ဟယ်ကျန်းတယောက်မူးနေခဲ့ပေမယ့် အသိစိတ်ကတော့ ဖန့်ထျန်းကျိုကို ကြောက်နေတုန်းပင်ဖစ်သည်။ထို့ကြောင့် သူ့ခန္ဓာကိုယ်လေးကိုယ် ကုတင်အတွင်းပိိုင်းဆီ ဖန့်ထျန်းကျို သတိမထားမိအောင် ဖြည်းဖြည်းချင်းလေး ရွှေ့သွားတော့တယ်။ ကုတင်ပေါ်က စောင်ကို ခေါင်းထိရောက်အောင် ဖြည်းဖြည်းချင်း ခြုံထားလိုက်တော့တယ်။ တကယ်တော့ သူဟာ ဖန့်ထျန်းကျိုရဲ့ ခြေတေလက်တေဖြတ်ပစ်မယ်ဆိုတဲ့စကားကိုကြားအပြီး အမူးပင်ပြေသလိုဖစ်သွားခဲ့သည်။

ဖန့်ထျန်းကျို ဟာ ဟယ်ကျန်းအခြေအနေကိုသတိထားမိတာကြောင့် ကုတင်နားကို ပြန်လာပီး ဟယ်ကျန်းခြုံထားတဲ့စောင်ကို ဆွဲယူလိုက်တော့တယ်
" အမူးပြေ ပီလား ?"

ဟယ်ကျန်းက သူ့ကိုကြည့်ကာ ဘာမှမပြော။

ဖန့်ထျန်းကျိုက ဟယ်ကျန်းကို အေးစက်စက်
ဖြင့်စိုက်ကြည့်ရင်းတခုခုကိုသတိထားမိသွားတယ်။ဟယ်ကျန်း က အရမ်းကြည့်ကောင်းတယ်။  သူ့အသွင်အပြင်ကို ကြည့်ရုံ စွဲလမ်းနိုင်သလို...သူ့တစ်ကိုယ်လုံးမှာ ဘာအပြစ်အနာအဆာမှ မရှိ...သူ့ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့လေးနှင့် ရောစပ်နေသော ဝိုင်နံ့သင်းသင်းလေးသည် လူအများကို လှုပ်လှုပ်ရှားရှားဖြစ်စေနိုင်တယ်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now