အပိုင်း၁၅

3K 401 4
                                    

Unicode

ဟယ်ကျန်း ဒီတခါတော့ တကယ်သေတော့မည်ထင်တယ်..
ဖန့်ထျန်းကျို ယုံယုံမယုံယုံ ပြောရမှာက သူ့တာဝန်ပဲ...
အသက်ရှင်ရတဲ့ တစ်စက္ကန့်လေးက လည်း တန်ဖိုးရှိတာမလို့ သူလုပ်သင့်တာကို လုပ်ရမည်။

ဖန့်ထျန်းကျို မဲ့ပြုံး ပြုံးလိုက်ပြီး
"ကိုယ်တော့်ကိုပေးတဲ့ အချစ်စာ?"

ဟယ်ကျန်းသည် ချက်ချင်းခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရဲ့မျက်ဝန်းတေကလည်း တည်ငြိမ်နေသည်။

"အဲ့ဒါဆို အဲ့စာက ဘယ်မလဲ?"
"ပျောက်သွားပြီရယ်"

"ဘယ်သူယူသွားတာလဲ?"
"မသိပါဖူး အရှင်"

ဖန့်ထျန်းကျိုဟာ ဟယ်ကျန်းရဲ့မျက်နှာ နုနုလေးပေါ်က ဖုန်အနည်းငယ်ကို သူ့လက်နဲ့ ပွတ်ကာ သုတ်ပေးလိုက်တယ်..ထို့နောက်..
"ကောင်းပြီ...အဲ့ဒါဆိုလည်း ကိုယ်တော့်နန်းဆောင်ကိုသန့်ရှင်းရေးလုပ်တဲ့အစေခံတေအားလုံးနဲ့ ကိုယ်တော့်ရဲ့ အစေခံတေ အားလုံးကို
တယောက်ချင်းစီ စစ်မေးမှ ထင်တယ်။ တကယ်လို့သူတို့ မဖြေနိုင်ရင် သူတို့ ခြေတေ လက်တေကို ဖြတ်ပစ်မယ်"

ဟယ်ကျန်း ထိုစကားကိုကြားတော့ သူအသက်ရှူရခက်ကာ. .."မလုပ်ပါနဲ့"

"ဘာလို့??"လို့ ဖန့်ထျန်းကျို မေးလိုက်တော့တယ်
ဟယ်ကျန်းက သူအသက်ရှင် ချင်ပေမဲ့ သူ့အတွက် တခြားအပြစ်မရှိတဲ့သူတေရဲ့အသက်ကိုတော့ မသေစေချင်...

"ဘာ..ဘာလို့လဲဆိုတော့ နန်းတော်ထဲကို လုပ်ကြံသူတေရောက်လာတာလဲ ဖစ်နိုင်တယ်လေ အရှင်ရဲ့... သူတိူ့က ကျနော် အရှင့်ကိုပေးထားတဲ့ရည်းစားစာကို ကြည့်ပြီး  ဟိုစာရွက်လေးကို အရှင် အမှုန့်အဖစ်ပြောင်းသလို ပြောင်းလိုက်တာနေမှာရယ်" ဟယ်ကျန်းတယောက် သူပြောတဲ့စကားတေကို ကြားပြီး ရှက်သလိုပင်ခံစားလာရတော့တယ်
"နောက်ပြီး အရှင် ဝမ်းမနည်းပါနဲ့..ကျနော် အရှင့်ကိုပေးထားတဲ့ ရည်းစားစာလေး ပျောက်ကွယ်သွားလည်း အရှင့်အပေါ်ထားတဲ့ ကျနော့် ချစ်ခြင်းတေက ပျောက်ကွယ်မသွားပါဖူးအရှင်ရယ်"

ထို့နောက် အပစ်ရှိသလိုထပ်ပြီး ခံစားနေရတာကြောင့်
"အရှင်..အရှင်သိလား..ကျနော်က အရှင့်ကို အရူးအမူး မေတ္ထာရှိနေတာရယ်...တကယ်လို့ အရှင်သာ ကျနော့်လိုလူမျိုး နောက်တယောက်ထပ်ရှာရင် တသက်လုံး တွေ့မှာမဟုတ်ဖူးရယ်"

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now