အပိုင်း၁၁

3.4K 418 7
                                    

Unicode

ရှေးခေတ် စျေးကအရမ်းကိုစိတ်ဝင်စားဖို့ကောင်းတာပဲ...ဟယ်ကျန်းဟာ နယ်လှည့်သူတယောက်လို ရှေးခေတ်စျေးထဲက ပစ္စည်းတေကိုလျှောက်ကြည့်နေခဲ့တယ်။ဒီစျေးထဲကနန်းတော်ထဲကလိုမဟုတ်ပဲသာမာန်ဘဝကိုခင်းကျင်းပြသ သလိုပင်...

ဖန့်ထျန်းကျို သူ့အနားမှာ ရှိနေတုန်းကဆိူ လေကိုတောင် ကောင်းကောင်းမရှူရဲပေ...အရာရာ ဖန့်ထျန်းကျိုခွင့်ပြုမှသာ လုပ်နေရသည်။ဟယ်ကျန်းတယောက် သူ့ရဲ့နာကျန်းချက်တေကို ပြန်မြိုချကာ စျေးထဲလှည့်လည်တာကို အာရုံစိုက်လိုက်တော့တယ်။

ဘန်းကိတ်ရဲ့ အနံ့ ဟယ်ကျန်းကို ဆွဲဆောင်နိုင်သည်။ သူဟာ ထိုဘန်းကိတ်ရှိတဲ့ နေရာကို လိုက်ရှာမိသည်။နေရာတခုမှာ သူကြားလိုက်ရတဲ့အသံက" ဘန်းကိတ်ပေါင်း, လတ်လတ်ဆတ်ဆတ် မွှေးပျံ့တဲ့ အသားဘန်းကိတ်တေ ရမယ်"

သူက အချိန်ကူးပြောင်းလာတဲ့သူတယောက်ဆိုပေမဲ့ တရုတ်ရိုးရာအစားအစာတေကို စားကြည့်ချင်တုန်းပဲ...၂၁ရာစုက အစားအစာနဲ့ ရှေးခေတ်အစားအစာ ဘယ်ဟာက ပိုကောင်းလဲဆိုတာ သိချင်သေးသည်။

သူဟာ ဘန်းကိတ်ဆိုင်ရှေ့သွားပြီး ဆိုင်ရဲ့သူဌေးကို ဘန်းကိတ်နှစ်ခုထည့်ပေးဖို့ ပြောလိုက်တယ်။ ထို့နောက် ပိုက်ဆံရှင်းကာ ပိုက်ဆံအိတ်ကိုသူ့အင်္ကျီထဲထည့်တော့ လူတယောက်က သူ့ကို တိုက်လိုက်သည်။ ပိုက်ဆံအိတ် ပြုတ်ကျတော့ ထိုလူက ကောက်ကာ ပြေးတော့တယ်။

"လုပ်ပါအူံး တယောက်ယောက်..ဟိုလူ ဗုံးကို သယ်သွားတယ်"လို့ ဟယ်ကျန်းအော်ပြောလိုက်တယ်။ ဒါပေမဲ့ ရှေးခေတ် လူတေက"ဗုံး"ဆိုတဲ့အရာကို မသိတာကြောင့် တုံ့ပြန်မှုတစုံတရာမပေးခဲ့ပေ..

ဟယ်ကျန်းလည်း ထိုအကြောင်းကိုသတိရကာ ခါးပိုက်နှိုက်နောက်ကိုလိုက်တော့တယ်။ သူလိုက်မှီတော့မဲ့ အချိန်မှာ သူ့ခေါင်းဆောင်းကို ချွတ်ကာ ထိုခါးပိုက်နှိုက်ဆီပစ်လိုက်တော့တယ်။

ထိုလူပြေးနေတဲ့ လမ်းကြောင်းမှာ လူအုပ်ကြီးတေရှိနေတာကြောင့် ထိူလူဟာ လမ်းထောင့်ထဲ ဝင်မိကာ ချောင်ပိတ်သွားတော့တယ်။
"ခင်ဗျား ထပ်မပြေးနိုင်တော့ပါဖူး"လို့ ဟယ်ကျန်းပြောလိုက်တော့....

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now