အပိုင်း၁၉

2.8K 405 15
                                    

Unicode

လော့ဟွမ်ဟော် ရဲ့ကုသနည်းက တကယ်ကိုထိရောက်မှု သက်ရောက်မှုမြန်လွန်းတယ်...သူဟာထိုညတွင်းချင်းမှာ လည်ချောင်း နဲ့ပတ်သက်တဲ့ဝေဒနါတေကိုမခံစားခဲ့ရတော့ဖူးဖစ်တယ်...

ဒါပေမဲ့ သူကောင်းကောင်း အိပ်မပျော်ခဲ့ဖူး...သူ့ခေါင်းထဲမှာ အတွေးတေများစွာနေရာယူနေတူန်းပဲ..အချိန်ခဏအကြာမှာ သူအိပ်ပျော်သွားပေမဲ့
ဘေးက လှုပ်ရှားမှုတစုံတရာကြောင့် သူနိုးလာပြန်တယ်...သိူ့ပေမဲ့ သူမထသေးပဲ အိပ်ယာပေါ်မှာသာ ငြိမ်ငြိမ်လေးတေခဲ့တယ်။ ပုံမှန်ဆို ဖန့်ထျန်းကျို ရဲ့ကိစ္စအဝဝကို ကူညီပေးရမှာဖစ်တယ်..
ဟယ်ကျန်းထလာတော့လည်း ဖန့်ထျန်းကျိုဘေးမှာ စမတ်ကျကျထိုင်နေပြီး ဘာမှကိုမလုပ်ခဲ့ပေ...

ထို့နောက် နဂါးဝတ်ရုံနဲ့သရဖူကို ယူလာတဲ့အစေခံတေကိုမြင်တော့ ထရပ်လိုက်ကာ ဖန့်ထျန်းကျိုကို ဝတ်ပေးဖို့ ပြင်တော့တယ်။ ဒါပေမဲ့ ဘယ်ဟာကို အရင်ဝတ်ပေးရမယ်မှန်း မသိတာကြောင့် စဉ်းစားနေတုန်း အလိုက်သိတဲ့အစေခံတေက ဝတ်ဆင်ရမဲ့ ပစ္စည်းတေအတိုင်း ရှေ့ကိုတိုးကာ ဟယ်ကျန်းဆီသို့ပေးလေတယ်။

ဖန့်ထျန်းကျို ဟယ်ကျန်းဝတ်ပေးတာကိုစောင့်နေရင်း "ဒီနေ့ဘာတေ အတွေးလွန်နေတာလဲ ကျန်းအာ?"

ဟယ်ကျန်းဖန့်ထျန်းကျိုကိုတချက်ကြည့်ပြီး
"မနေ့က အရှင် ကျနော်မျိုးကို ဆုတေအများကြီးချီးမြှင့်တယ်လေ..ပြီးတော့သမိုင်းမှာတောင်မရှိဖူးသေးတဲ့ ရှန်းရှုမယ်မယ်ဘွဲ့ကိုလည်း ချီးမြှင့်သေးတယ်...အရှင်ပေးအပ်တဲ့ ချိီးမြှင့်မှုတေနဲ့ ဆုလာဒ်တေက ကျနော်မျိူးနဲ့တန်ရဲ့လားဆိုတာကို စဉ်းစားနေတာပါ"လို့ရဲရင့်စွာ လိမ်လိုက်သည်။

ဖန့်ထျန်းကျိုဟာ ပြုံးရင်း ဟယ်ကျန်းခေါင်းကိုပွတ်ပေးလေတယ်။ ဟယ်ကျန်း လည်းအပြစ်ရှိတဲ့စိတ်ကြောင့် ဖန့်ထျန်းကျိုမျက်လုံးတေကို မကြည့်ရဲခဲ့ပေ...
ထို့နောက်အစေခံတေက ဖန့်ထျန်းကျို ခြေထောက်ကို သန့်ရှင်းပေးကြတော့တယ်။ ဟယ်ကျန်းလည်း နဂါးခါးပတ်ကို ယူကာ ဖန့်ထျန်းကျိုကိုဝတ်ပေးဖို့ ကြံတော့တယ်။ ဒီနဂါးခါးပတ်ဟာတကယ်ကိုလေးလံလွန်းတယ်။ သူသာဆို ဒီလိုမျိုး အကြာကြီးသယ်နိုင်ပါ့မလား စဉ်းစားရင်း ဖန့်ထျန်းကျိုကိုဝတ်ပေးလိုက်တော့တယ်။ ဟယ်ကျန်းကျောက်စိမ်းတံဆိပ်ကိုယူပြီး
ဖန့်ထျန်းကျိုရဲ့ခါးမှာ ချိတ်ပေးလေတယ်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now