အပိုင်း၉

3.5K 493 5
                                    

UNICODE

ဖန်းထျန်းကျိုဟာ ဟယ်ကျန်းရဲ့အဆောင်မှာ ရေချိူးနေပြီဖစ်တယ်....ဟယ်ကျန်းကလည်း သူ့အစားသူ စားနေခဲ့တယ်။ ခဏကြာတော့ နန်းမိန့်လျန် က
"သခင်လေး ရေချိုးဆောင်ထဲဝင်သွားလိုက်ပါတော့..အထဲမှာအရှင်စောင့်နေပါလိမ့်မယ်"

ဟယ်ကျန်းရေချိုးဆောင်ထဲဝင်သွားတော့
ရေနွေးငွေ့တေ ပြည့်နေတာကိုတွေ့လိုက်ရတယ်။
ဟယ်ကျန်းတယောက် ဖန့်ထျန်းကျိုဆီကိုခရုလေးတကောင်လို ဖြည်းဖြည်းလေး လျှောက်သွားလိုက်တော့တယ်။

ဖန့်ထျန်းကျိုဟာ သူ့ကို နောက်ကျောပေးပြီးရပ်နေခဲ့တယ်...သူ့ရဲ့ကြီးမားတုတ်ခိုင်တဲ့လက်တေနဲ့ သူ့ဆံပင်ရှည်တေကို ဖြေချလိုက်တော့တယ်။ သူ့(ဖန့်ထျန်းကျို)ဆံပင်တေက ထူထဲနေတာတောင် သူ့(ဖန့်ထျန်းကျို)ရဲ့ ကျောပြင်ကျယ်ကြီးကို မဖုံးကွယ်နိုင်သေးဖူး။ထို့နောက် ဖန့်ထျန်းကျို ဟာ ရေနွေးကန်ထဲကို သက်သက်သာသာထိုင်ချလိုက်တော့တယ်။

တကယ်ဆို ဖန့်ထျန်းကျို နန်းဆောင်မှာ ဒီထက်လှပတဲ့ရေချိုးကန်ကြီးရှိတာတောင် သူကဘာလို့ဒီမှာလာချိုးလဲဆိုတာ ဟယ်ကျန်း စဉ်းစားလို့ကိုမရပေ...၂၁ရာစုရဲ့ သူဌေးတေက သူတို့ဒေါသကို ဖြေဖျောက်ဖို့အတွက် သူတို့ရဲ့အလုပ်သမား တယောက်ယောက်ကို အလုပ်ထုတ်တာတို့ ဆူပူတာတို့ လုပ်တတ်တယ်။ ဒါပေမဲ့ ဖန့်ထျန်းကျို လိုအထက်စီးဆန်ပြီး နားမလည်နိုင်တဲ့သူမျိုးကို
21ရာစုက သူဌေးတေ မှီမယ်မထင်ဖူး...

"မင်း ဒီနေ့တော်တော် အလိုက်သိနေပါ့လား"လို့ ဖန့်ထျန်းကျိုပြောတော့
"အရှင်က အရမ်းဉာဏ်ကောင်းတာပဲ...အရှင့်နောက်မှာ ဘယ်သူရောက်နေတယ်ဆိုတာ တန်းသိတယ်နော်"လို့ ဟယ်ကျန်း သွက်လက်စွာဖြေလိုက်တော့တယ်။

အလိုက်သိတယ်လို့ ဖန့်ထျန်းကျိုပြောလိုက်တာလား?အဲ့ဒါဆို ဖန့်ထျန်းကျို ငါ့ကို ရေချိုးဆောင်ထဲလာဖို့ မခေါ်ဖူးပေါ့?? နန်းမိန့်လျန်!!ငါ့ကို လိမ်လိုက်တာလား!?

ဟယ်ကျန်းဟာ ရေခွက်နဲ့ ရေနွေးနွေးတခွက်ကို ယူကာ ဖန့်ထျန်းကျို ကိုယ် ပေါ်သိူ့ ဖြည်းဖြည်းချင်း လောင်းချပေးလိုက်တယ်...တကယ်တော့သူ(ဟယ်ကျန်း)ဟာ ဖန့်ထျန်းကျိုခန္ဓာကိုယ်ကိုအားကျတာမျိုး ရှိပေမဲ့ သူ(ဖန့်ထျန်းကျို)နဲ့အတူတူ ကိုယ်လက်နှီးနှောရင်တောင်မှ သူ့(ဖန့်ထျန်းကျို) ရဲ့ခန္ဓာကိုယ်ကို စွဲလမ်းတာမျိုးမရှိခဲ့ပေ....

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now