အပိုင်း၂၂

3K 412 18
                                    

အပိုင်း၂၂

ဟယ်ကျန်း ထိုစကားကိုကြားတော့ အနည်းငယ်စိတ်ညစ်သွားကာ နှုတ်ခမ်းဆူလာပြီး
"ဒါပေမဲ့ ကျနော်သွားချင်တယ်ရယ်"

ဖန့်ထျန်းကျို ဟယ်ကျန်း ကိုကြည့်ရင်း သဘောတကျပြုံးကာ ဟယ်ကျန်းရဲ့ဘဲနှုတ်ခမ်းလေးကို ပြွတ်စ် ခနဲမြည်အောင်စုပ်နမ်းလေသည်။

"ကျန်းအာက နေမကောင်းဖစ်ချင်နေတာတောင်သွားချင်သေးတာလား?"

"ဟုတ်ပါတယ်အရှင်"

"အင်းးး"

"အရှင် ကျနော်က သမိုင်းမှာ တခုတည်းရှိတဲ့ ဘွဲ့နဲ့ လူပါ..နောက်ပြီး အရှင့်ရဲ့ ကြင်ယာတော်လည်း ဖစ်ပါတယ်..ဒီလိုအခက်အခဲသေးသေးလေးတေတောင်မကျော်လွှားနိုင်ရင် အရှင့် ဘေးမှာရပ်တည်ဖို့က ခက်ခဲပါလိမ့်မယ်..ဒါကြောင့် ဒီလိုအခက်အခဲတေကို ကျော်လွှားခွင့်ပြုပါနော်"

"ကျန်းအာပြောတာအဓိပ္ပါယ်ရှိသားပဲ"
လို့ပြောကာ ဟယ်ကျန်းဆံနွယ်တေကို ပွတ်သပ်နေလိုက်တော့တယ်။

ဟယ်ကျန်းလည်း အခုမှသာ သက်ပြင်းချနိုင်တော့သည်။ သူ့ရဲ့စကားတခွန်းကြောင့် ဖန့်ထျန်းကျို စိတ်ပြောင်းသွားနိုင်ပြီး နွေဦး အမဲလိုက်ပွဲမှာလည်း ပျက်သုန်းသွားနိုင်သည်။

"အရှင် ကျနော်မျိူးကို အကြောင်းတခုခုများရှိလို့ လာတွေ့တာလားဟင်?"

"အင်း..ကိုယ်တော် ကျန်းအာ ရဲ့ လက်ရေးလှကိုစစ်ဖို့ ရောက်လာတာ"

ထိုစကားကိုကြားတော့ ဟယ်ကျန်း စာရွက်တေသွားယူကာ ဖန့်ထျန်းကျို ကိုပြပီး
"ဒီရက်ပိုင်းမြင်းစီးလေ့ကျင့်နေတာများတော့ အိမ်စာ နည်းနည်းပဲရေးနိုင်သေးပါတယ်အရှင်"
ဟယ်ကျန်း ဖန့်ထျန်းကျိုပေါ်ထိုင်ပြီး ပွတ်သပ်တာကိုခံနေရင်း မကျေမနပ်ဖစ်မိသည်။ ဖန့်ထျန်းကျိုသူ့ကို ခွေးလေးတေ ကြောင်လေးတေလိုသဘောထားနေတာလား? သူအိမ်မွေးတိရိစ္ဆာန်လိုဘဝကြီးကို တကယ်မုန်းသည်။

ဖန့်ထျန်းကျို တနေ့လည်ခင်းလုံး Pize Hallမှာနေပေမဲ့ ပျင်းရိသလိုခံစားရသည်။ ဟယ်ကျန်းလည်း ထိုသို့ခံစားချက်ရှိနေတာကြောင့် စစ်တုရင်ကစား ကြဖို့ တောင်းဆိုခဲ့ကြသည်။ နောက်ဆုံး ကစားဖြစ်ကြတော့လည်း ၂၁ရာစုက ဟယ်ကျန်းမှာ ဗျူဟာများစွာနဲ့ရင်းနှိီးနေတာကြောင့် အနိုင်ရသွားခဲ့သည်။ ဖန့်ထျန်းကျိုမျက်နှာတွင်အလိုမကျမှုတေ ပေါ်လာသလို အနိုင်ရတဲ့ ဟယ်ကျန်းလည်း ပျော်ရွှင်မနေခဲ့ပေ...

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now