အပိုင်း၂၄

2.6K 405 24
                                    

အပိုင်း၂၄

ဟယ်ကျန်းလည်း ကျန်းဖုယန် ကိုမေးခွန်းအနည်းငယ်မေးပြီး  တခြားနေရာကို လျှောက်ကြည့်ဖို့ ကြံတော့တယ်။

ဒါပေမဲ့ ဗိုက်ထဲကနေ စူးအောင့်သလိုခံစားနေရတယ်။ဒီဝေဒနါကို သူမနေ့ညကတည်းက ခံစားခဲ့ရတာဖစ်တယ်။ဒါပေမဲ့ ဖန့်ထျန်းကျို သူ့ကိုသတ်မယ်ဆိုတဲ့ အတွေးပဲခေါင်းထဲရောက်နေတာမို့ ဒါကိုအာရုံမထားမိခဲ့ပေ..အခုတော့တဖြည်းဖြည်း ထိုးထိုးအောင့်လာသလိုပင်ခံစားနေတော့သည်။
သူဘာများဖစ်တာလဲ?? ဗိုက်အောင့်ခြင်းအပြင် အော့အန်ချင်တဲ့စိတ်အနည်းငယ်ပါ ဖစ်နေခဲ့သည်။

သူထိုအရာကိုစဉ်းစားမိတာနဲ့သူ့မျက်နှာလေး ဖျော့တော့ကာ သေလူလိုပင်ဖစ်သွားတော့တယ်။
အဲ့ဒါကြီးလား...မဖစ်သင့်ဖူးလေ..
ထို့အပြင် ခေါင်းလည်းနောက်တောက်တောက်ဖစ်လာတာကြောင့် နားထင်ကိုထိလိုက်တော့ ကျန်းဖုယန်က
"မရီး..နေမကောင်းဖူးလား?"

ဟယ်ကျန်း လည်းဖန့်ထျန်းကျိုပြောတာတေကို ပြန်မဖြေအားပဲ သူ့တဲဆီကို ပြန်လိုက်တော့တယ်။ အခု သူ လော့ဟွမ်ဟော်(သမားတော်) ကို
ရှာချင်ပေမဲ့ သူ့ကြောင့် မဆိုင်တဲ့သူတေ ဒုက္ခရောက်မှာဆိုးသဖြင့် သူ့အကြံကို ချက်ချင်းပယ်ချလိုက်တော့တယ်။

ဟုသားပဲ ကိုယ်ဝန်ဆိုရင်တောင် ဒါက တည်မြဲမှာမဟုတ်ဖူး..ဖန့်ထျန်းကျိုနဲ့အတူနေတာ လွန်ခဲ့တဲ့ တလကပဲ ရှိသေးတာ..ကိုယ်ဝန်ရှိတာဖစ်နိုင်တယ်ဆိုတာ သူသိပေမဲ့ သန္ဓေသားက အရမ်းမဖွံ့ဖြိုးခင် ကြွေကျတာလည်း ဖစ်နိုင်တာပဲလေ..

ဒါကြောင့် သန္ဓေသားကြွေကျအောင် ခုန်နေမှဖစ်မယ်..မူးလဲမလို ဖစ်သွားရင်တောင်ခုန်နေမှဖစ်မယ်..တဖြည်းဖြည်းနဲ့ သူ့ဗိုက်မှာပို၍ပို၍ ထိုးအောင့်လာတော့တယ်။

ထိုသို့ ခုန်နေရင်း တဲရဲ့ တံခါးအဝင်ဝမှ အေးစက်စက်အငွေ့တချို့ ခံစားမိတာကြောင့် လှည့်ကြည့်လိုက်တော့ ဖန့်ထျန်းကျို ဖစ်နေသည်ကိုတွေ့လိုက်ရတော့တယ်။

ဟယ်ကျန်း ရဲ့မျက်နှာလေးဟာ ပိုပြီး ဖြူဖျော့သွားကာ ဖန့်ထျန်းကျိုကို ဖျော့တော့တော့ ပြုံးပြရင်း မြေကြီးပေါ်သို့ထိုင်ချမိတော့တယ်။
ဖန့်ထျန်းကျိုလည်း အစေခံတယောက်ကို သမားတော်ခေါ်လာဖို့ အမိန့်ပေးပြီး ဟယ်ကျန်းကို ကုတင်ပေါ်တင်ပေးလိုက်သည်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now