အပိုင်း၂၅

2.3K 312 14
                                    

အပိုင်း၂၅

ဟယ်ကျန်းတယောက် တွေးရင်းတွေးရင်းနဲ့ဖန့်ထျန်းကျိုအား စိတ်တိုလာတော့သည်။မျိုးမစစ်ကောင်ကြီး!ငါ့ကိုတကယ်သတ်ချင်နေတာပေါ့လေ...

ဟယ်ကျန်း ၂၁ရာစုကဆိုငယ်စဥ်၌ သူ့အကိုနဲ့ တူတူပုန်းတန်း ခဏခဏကစားဖူး၏။ တခါတလေ သူ့အကိုက သူ့ကိုစနောက်ချင်ရင် သူပုန်းနေသော
ဗီရိုကို ခဏခဏသော့ပိတ်ထားဖူး၏။ သို့သော် တခါမှမကြောက်ခဲ့ပါ။ သူ၏ဖခင်ကတော့ သူ့အကိုကိုအ့ကိစ္စကြောင့် ရိုက်ခဲ့သည်။  ယခုမူ သူ့အသက်လေးပျောက်တော့မလိုပင်ခံစားနေပီဖစ်သည်။ ဒီဖန့်ထျန်းကျိုဆိုတဲ့ခွေးကောင်ကတော့...

ထို့နောက် ဖန့်ထျန်းကျိုနဲ့ ဟယ်ကျန်းတို့၇ထားလုံးနားသွားဖို့ပြင်၇င်း "ငါကိုယ်တော်ကော လိုက်ခဲ့ဖို့လိုလား"
"၇ပါတယ်အရှင် ကျန်းအာဘာသာပဲသွားပါ့မယ်။ အရှင့်မှာ တိုင်းပြည်‌ရေးရာ လုပ်စ၇ာတေ ရှိသေးတာကြောင့် ကျန်းအာခေါ်ဖို့ မ၀ံ့ရဲပါဖူး"

ဖန့်ထျန်းကျိုနည်းနည်းမကျေမနပ်ဖစ်ပေမဲ့ သဘောတူလိုက်တော့တယ်။  ဟယ်ကျန်းလည်း သူ့ဆုံးဖြတ်ချက်ကိုသဘောတူတာကြောင့် စိတ်သက်သာရာ ရသွားတော့တယ်။ ဖန့်ထျန်းကျိုဟာ ဟယ်ကျန်းရဲ့ နှုတ်ခမ်းဖူးဖူးလေးကိုခေတ္တနမ်းရှိုက်ကာ ထွက်သွားလေတော့တယ်။

ဟယ်ကျန်းကတော့ ရထားလုံးပေါ်ရောက်သည်အထိ တုန်လှုပ်နေသေး၏‌။ ထို့နောက် သူ့လည်ပင်းနဲ့ခေါင်းကိုစမ်းလိုက်မိ၏။  သူအသက်ရှိပါသေးသည်။ ခဏက ဖန့်ထျန်းကျိုအစစ်ကော ဟုတ်ပါရဲ့လား? ခဏကသူ့ကိုနမ်းသွားတာဖန့်ထျန်းကျိုအစစ်မဖစ်နိုင်လောက်ပေ။

သူ ဖန့်ထျန်းကျိုမပါပဲ ပထမဆုံးအပြင်ထွက်ဖူးခြင်းသာဖစ်သည်။  ဦးတည်ရာမရှိပဲ သွားဖူးခြင်းကပထမဆုံးအကြိမ်သာ
ဟယ်ကျန်း အပြင်က ရှုခင်းတေကို ကြည့်ချင်တာကြောင့် လိုက်ကာစကို မ လိုက်လေတော့
ကျန်းရှန်ကိုတွေ့၇လေသည်။  ဖန့်ထျန်းကျိုက သူ့ကိုလွတ်လွတ်လပ်လပ် သွားခွင့်ပြုတာတော့မဟုတ်ဖူးပဲ။ ထို့နောက် ဟယ်ကျန်းခေါင်းအနည်းငယ်ကိုက်လာတာကြောင့်မစဉ်းစားပဲနေလိုက်တော့တယ်။
တောင်ခြေရင်းက ဧကရာဇ်မြို့တော်ကို ရောက်တဲ့အခါ ကျန်းရှန် က ရှေ့ကို လှမ်းပြီး "ရှန်းရှုမယ်မယ် တောင်ခြေသို့ရောက်ရှိပါပီ" လို့ ပြောလိုက်သည်။ သို့သော်အထဲမှ တုန့်ပြန်မှုမရှိခဲ့ပါ။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now