အပိုင်း၅

4K 572 9
                                    

UNICODE

နန်းမိန့်လျန် တယောက် ဖန့်ထျန်းကျိုဆီ အလောတကြီးရောက်လာပြီး
"အရှင်...သခင်လေးက လော့ကွေ့ဖေးကို ရိုက်နှက်ပါတယ်..ပြီးတော့ အခုလည်း ခိုက်ရန်ဖစ်နေကြပါတယ်...နောက်ပြီး အရှင့်ဆုံးဖြတ်ချက်ကို ကြားနာရဖို့မျှော်လင့်နေကြပါတယ်"

ဖန့်ထျန်းကျို မျက်ခုံးပင့်လျက်
"ကျန်းအာက ရိုက်တာ???"

"ဟုတ်ပါတယ် အရှင် "

"ဒီကိစ္စကို မင်းဘယ်လိုထင်လဲ နန်းမိန့်လျန်?"

"တကယ်တော့ သခင်လေးဟယ်ရဲ့ ပုံစံက ကျနော်မျိုး စုံစမ်းထားတာနဲ့ အရမ်းကို ကွာခြားလွန်းနေပါတယ်အရှင်"
လို့ နန်းမိန့်လျန် အမှန်အတိုင်းပြောလိုက်သည်။

ထိုအခါ ဖန့်ထျန်းကျို နှုတ်ခမ်းတို့က တွန့်ကွေးသွားပြီး
"ငါကိုယ်တော်လည်းအဲ့လိုပဲထင်တယ်"

*******************************************
ရုတ်တရက်
"ဧကရာဇ် ကြွချီလာပါပြီ"လို့ကြားလိုက်ရတယ်။
ထိုအသံကိုကြားတော့ ဟယ်ကျန်း ဟာ ဒူးထောက်ပီး ခန္ဓာကိုယ်ကို လက်နှစ်ဘက်နဲ့အတူတူမြေပြင်ပေါ်မှာ အရိုအသေပေးလိုက်တော့တယ်။

ဖန့်ထျန်းကျိုက သူ့ကို ကြည့်ပြီး ဖြတ်လျှောက်သွားခဲ့တယ်...

ရှိုးဆွေလော့မှာလည်း ဖန့်ထျန်းကျိုကိုမြင်သည်နှင့်ငိုယိုကာ တိုင်တောတော့တယ်။ ရှိုးဆွေလော့မျက်နှာက ဘာနဲ့တူလဲဆိုတော့ မက်မွန်သီးတေပေါ်မှာ ရေဖြန်းထားသလိုပဲ

(MT/N : မက်မွန်သီးဆိုတာက ဟယ်ကျန်း ရှိုးဆွေလော့ကို ရိုက်ထားလို့ ရောင်နေတဲ့ မျက်နှာကိုပြောတာပါ။ ရေဖြန်းထားတာကျတော့ ရှိုးဆွေလော့ ဖန့်ထျန်းကျိုကို ငိုပြနေလို့ပါ)နောက်ပြီး သူဆံပင်မှာဆင်မြန်းထားတဲ့ အဆင်အယင်တေဟာ ရှုပ်ပွနေပြီး လှပတဲ့ ရှိုးဆွေလော့ရဲ့ပုံစံဟာပြောင်းလဲနေတော့တယ်။

"အရှင်...ကျနော်မျိုးမရဲ့ဒဏ်ရာတေ
ကို ကြည့်ပါအုံး...အရှင့်ရဲ့ ကိုယ်လုပ်တော်မျက်နှာကို ဒီဟယ်ကျန်းက ရိုက်နှက်ပါတယ် ....သူဟာအရမ်းရိုင်းတဲ့သူပါအရှင်..ကျနော်မျိုးမအတွက် တရားမျှတမှုကိုရှာဖွေပေးတော်မူပါ"လို့ ရှိုက်ငင်ကာပြောလေတယ်။

အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား အာဏာရှင်ဧကရာဇ်၏ဧကရီမိဖုရား(MMTranslation)Where stories live. Discover now