Extra

5.2K 287 9
                                    

Unicode

“မမနွယ်...မမနွယ်..ထတော့ အချိန်မနည်းတော့ဘူး ဂျူတီရှိတယ်ဆို”

“ဟင့်...မထချင်သေးဘူး..အိပ်ချင်သေးတယ်”

“ဒီပုံစံကို ဆေးရုံက လူတွေမြင်ရင် မေးစေ့တွေအောက်ပြုတ်ကျလောက်တယ် အံ့ဩ‌လို့လေ”

“ဟန်နီက ခုတော့ ပြောပြီပေါ့”

ငုဝါတစ်ယောက် ဘာမှပြန်မပြောနိုင်တော့ပါ။အော်ရယ်နေတော့သည်။ တကယ်တည်း တတ်လည်းတတ်နိုင်ပါတယ်။အရင်က ရင့်ကျက်တဲ့မမနွယ် ဘယ်ရောက်သွားလဲ။

“ဟားဟား..”

“ရယ်တယ် ရယ်တယ်ပေါ့လေ တွေ့မယ်တွေ့မယ်”

“မလုပ်နဲ့ မမနွယ် ဟေ့ ဟားဟား ယားတယ် ကလိမထိုးနဲ့ ဟားဟား”

“ရယ်တယ်လေ ခုန‌က အဲ့ဒါမို့အပြစ်ပေးတာ”

“ကြောက် ကြောက်ပြီ..တော်တော့လို့ ဟားဟား”

နွယ့်ရင်ခွင်ထဲက ကလေးမကို စမနေတော့ပဲ ကလိထိုးတာရပ်လိုက်တော့ မျက်စောင်းချီကာ ဆူပုတ်ပုတ်လုပ်ပြသည်။ဒါတွေကိုပဲ နွယ်သိပ်ချစ်နေရသည်မဟုတ်လား။

“အမယ် ဒါကဘာဖြစ်တာတုန်းရှင်”

“မော လို့လေ”

“ကဲကဲ မစတော့ဘူးနော် သွားရအောင်”

“ရေမိုးချိုးပြီးဆင်းခဲ့နော်မမနွယ် ဒီနေ့ငုဝါ မနက်စာပြင်ထားတယ်”

“ဟမ်! တကယ်ကြီး”

အတူတူနေပေါ့ဆိုကတည်းက ငုဝါကို ဘာဆိုဘာမှမခိုင်း။ ဆေးရုံမသွားခင် အစစအရာရာ စီစဉ်ပေးခဲ့တာချည်း။ အံ့ဩနေသောမမနွယ်က ပိုအံ့ဩ ချင်ယောင်ဆောင်ပြန်သည်။

“မဟုတ်ဘူး နောက်တာ”

“စတာစတာ ခဏလေးပဲစောင့် အစ်မဆင်းလာခဲ့မယ်”

“ဟုတ်”

အခန်းထဲကပြန်ထွက်တော့မည် အလုပ် လက်ကိုဆက်ကနဲဆွဲလှည့်လိုက်တာကြောင့် ကြောင်အနေစဉ် နှုတ်ခမ်းထက် အနမ်းတစ်ပွင် ကြွေကျသွားသည်။

“ Morning my honey ”

“....”

“ morning kissလေ ဘာကြည့်နေတာလဲ ငယ်လေးရဲ့”

မူပိုင်နှင်းဆီWhere stories live. Discover now