အပိုင်း(၃၀)

3K 241 8
                                    

Unicode

“ငယ်လေး!”

နွယ့်ရှေ့က သွေးတွေနဲ့ခန္ဓာကိုယ်လေးဟာ တွန်းကုတင်ပေါ်ဝယ်ငြိမ်သက်လျက်။ ခြေထောက်တွေ ယိုင်ခနဲ။ မဟုတ်ဘူး။မဟုတ်ရဘူး။ အပြေးတစ်ပိုင်းပြေးလိုက်မိတော့ ဘေးကယွန်းကဆွဲထားသည်။

“နွယ် နွယ် စိတ်ထိန်းပါဦး”

“ငယ်လေး ဖယ်ဖယ် ငါသွားမယ် ငါကိုယ်တိုင်ကုမယ် ငါ့ငယ်လေးကို ဖယ်ကြစမ်း လွှတ်ကြစမ်းပါ”

နွယ်ရုန်းကန်နေရသည်။ ဘေးနားကပြောနေတာတွေ ဆူဆူညံညံရှိပေမယ် နွယ်နားမဝင်နိုင်။တကယ်ပဲ ဒီလူတွေဘာလို့တားနေကြတာလဲ။မျက်ရည်တို့ဝေ့ဝိုင်းနေသည့်အတွက် အမြင်တို့ကမရှင်းမလင်း။ သွေးတွေနဲ့ ကလေးငယ်ကို နွယ်အမြင်မှားတွေ့လိုက်တာလား။အမြင်မှားတာပဲဖြစ်လောက်မလားဆိုပြီးမျက်ရည်တွေသုတ်ပြီး ရုန်းနေရာမှ ရပ်တန့်လိုက်သည်။

ရုတ်တရက်ကြီးငြိမ်ကျသွားတဲ့သူ့ကို ဆွဲထားသူများကအံ့ဩသလိုကြည့်သည်။ငယ်လေးမဟုတ်ဘူး။ငယ်လေးကခုလိုမှဖြစ်စရာအကြောင်းမရှိတာ။

“နွယ် စိတ်ထိန်း စိတ်လျှော့ထား ခုလိုပုံစံနဲ့ ငုဝါလေးကို နွယ်ဘယ်လိုကယ်မလဲ”

ဘေးနားတွင်တတွတ်တွတ်ပြောနေသောယွန်းကိုလှည့်ကြည့်ကာ နွယ်ဒေါသတို့ထွက်လာသည်။

“ဘာတွေလာပြောနေတာလဲ! အဲ့ဒါငါ့ကလေးငယ်မဟုတ်ဘူး ငယ်လေးက ငယ်လေးက~~”

“အကောင်းဆုံးကယ်ပေးမှာမို့အများကြီးမတွေးပဲနားနေလိုက်ပါနွယ်ရယ်”

“ငယ်လေးဆီသွားမယ်ခုလွှတ် ငါ့ကလေးငယ်ဆီ ငါသွားမယ် နေဦး ဘယ်မှာလဲပိုးရတုမီ”

“ဘာလို့ပိုးကိုရှာနေပြန်တာလဲ နွယ် သူအခု ငုဝါကိုကုပေးနေရတယ်”

“မဖြစ်ဘူး မဖြစ်ဘူး သူငါ့ငယ်လေးကိုသတ်လိမ့်မယ် တောင်းပန်ပါတယ် ငါ့ကလေးငယ်ကို ငါ့ဆီကမလုသွားကြပါနဲ့~~ငါ့မှာ~~ငါ့မှာသူပဲရှိတာ”

နွယ်ဟာ အိန္ဒြေကြီးတဲ့မိန်းမတစ်ယောက်။ ခုတော့ ဆေးရုံကြီးရဲ့ လျှောက်လမ်းပေါ်မယ် အော်ဟစ်ငိုကြွေးနေရှာသည်။ သူ့ကိုမြင်ရသူဘယ်သူမှ စိတ်မချမ်းသာနိုင်။မျက်ရည်လည်ကြရသည်။

မူပိုင်နှင်းဆီWhere stories live. Discover now