အပိုင်း(၃၂)ဇာတ်သိမ်းပိုင်း

5.3K 276 9
                                    

Unicode

"ဟယ်လို"

"အင်း ငယ်လေးပြောလေ"

"ဒေါက်တာယွန်းတို့ကို ညစာလိုက်ကျွေးချင်လို့ ခုညနေစီစဉ်လိုက်ရမလား"

"အစ်မမေးကြည့်လိုက်ဦးမယ် ‌သူတို့အားရင်ဒီညနေစီစဉ်တာပေါ့"

"ဟုတ်ကဲ့မမနွယ်"

"ပြီးမှပြန်ဆက်လိုက်မယ်နော် ချစ်တယ်ဟန်နီ"

"မမနွယ်!"

"တာ့တာ"

တစ်ဖက်ကအသံလေးကို နွယ်အသဲယားပေမယ့် ရှက်ရမ်းရမ်းပြီး စွာတော့မှာသိတာမို့ ဖုန်းချလိုက်တော့သည်။ ဒီညနေဖို့ရာ ယွန်းတို့အားတယ်ဆိုတာကြောင့် ညစာကျွေးဖို့ရာ စီစဉ်ရသည်။နောက်အပတ်ထဲမှာ ငယ်လေးကို ခရီးတစ်ခု ခေါ်သွားဖို့ရှိသည်။

"ယွန်း ငယ်လေးကို လျို့ဝှက်ထားပေးဦး မပြောလိုက်နဲ့နော် နွယ့်အစီအစဉ်တွေပျက်ကုန်မယ်"

"အမလေးရှင် ဟုတ်ပါပြီ ဒါနဲ့နွယ် ဘယ်လိုပြောထားလဲ သူ့ကို"

"နယ်ဘက်ကို ပရဟိတဆရာဝန်တွေလွှတ်တာ ဒီအပတ်ထဲအစ်မပါတယ်ပေါ့ ပြီးတော့ တစ်ယောက်တည်းဖြစ်နေတာနဲ့ လိုက်ခဲ့ပေးပါ ဒီလိုပဲပြောထားတာ"

ဒီစကားကြားတော့ ကားနောက်ခန်းထဲက ယွန်းနဲ့ပိုးက ပြုံးစိစိ။ဘေးဘက်ထိုင်နေတဲ့ စုကမနေနိုင်ပဲစတော့သည်။

"အကွက်များစေ့လို့ ဒေါက်တာရယ်"

"စေ့ရမှာပေါ့ရှင့် အမလေးရင်တောင်ခုကတည်းက တဒုန်းဒုန်းမြည်နေပြီ"

"ဒေါက်တာယွန်းရယ် ကုပေးလိုက်ပါဦး နှလုံးရောဂါထင်တယ်နော်"

"ဒါဆို ယွန်းလည်းဖြစ်နေတာထင်တယ်ဒါပေမယ် သီးသန့်ဒေါက်တာနဲ့မှပျောက်မှာ"

ဘေးကပ်ရပ်ထိုင်နေတဲ့ ပိုးဆီခေါင်းလေးငဲ့ကာ ရင်ဘတ်ပေါ်ကလေးကဖိထားသေးသည်။ သနားစရာမျက်နှာပေးနဲ့ဆိုလာတော့ ပိုးကလည်းညှင်သာရှာပါသည်။

"သေသာသေလိုက်တော့"

တစ်လမ်းလုံးထွေရာလေးပါးပြောရင်း တဟားဟားရယ်နေခဲ့ပေမယ့် စားသောက်ဆိုင်တစ်ခုရှေ့ရောက်တော့ သူတို့မဟုတ်တော့သလို ခပ်တည်တည်နှင့်မျက်နှာပိုးသတ်လိုက်ကြသည်။

မူပိုင်နှင်းဆီजहाँ कहानियाँ रहती हैं। अभी खोजें