အပိုင်း(၇)

3K 258 0
                                    

Unicode

ငယ်လေးပြောထားလို့ ကိုယ်တွေနှစ်ယောက်တည်းမဟုတ်ပဲ နောက်အရှုပ်ထုပ်ပါလာမည်ဆိုတာတော့သိထားပါသည်။သို့သော် ယခုအခါတွင်တော့ သေသေချာချာရှင်းရှင်းလင်းလင်းမေးမကြည့်မိသည့် မိမိကိုယ်ကိုသာ ထုရိုက်လိုက်ချင်တော့သည်။ဟိုအသေးလေးကလည်း သေချာမပြောဘူး။ဘယ့်နှယ် တစ်ယောက်ဆိုရင်တောင်လွန်နေပြီကို အခုကျနှစ်ယောက်တောင်။
မျက်မှောင်ကျုံ့ရင်းဟိုအသေးလေးဆီ စောင်းငဲ့ကြည့်မိတော့ မျက်လုံးကမှေးပါတယ်ဆို ပိတ်တဲ့အထိ လာရယ်ပြနေသည်။ ဒါကိုပဲ နိုင်ဆေးအဖြစ်သုံးနေတာ ဒီကလေး လည်လွန်းသည်။ အထာပေါက်ပုံရသည့် အသေးလေးက သူ့သူငယ်ချင်းဆိုသည့်ဟိုကလေးနှစ်ယောက်အား လှမ်းခေါ်ပြီး

"လာလေ ဘာလုပ်နေတာလဲ မြန်မြန်လာပါဆို
သရဲတွေ့လို့ရပ်နေကြတာလား"

ဒီဟာလေးတွေကြောင့် နေရင်းထိုင်ရင်းကိုယ်က သရဲဖြစ်ပေးလိုက်ရသေးတယ်။တော်တော်မှ ချစ်မွှေးတုံးတဲ့ဟာလေးတွေ။

အဲ့ဟာလေးတွေကလည်း ပင့်ဖိတ်နေတာတောင် လှုပ်စိလှုပ်စိနဲ့ မသိရင် ကိုယ်ကပဲ ကိုက်စားပစ်မှာကျနေရော။နည်းနည်းတော့ များပြီနော်။

"ဒါလေ ငါ့မမနွယ် နွယ်ရူပါတဲ့ ငါနဲ့အသက်နှစ်နှစ်ပဲကွာတာ နင်တို့နဲ့လည်း နှစ်နှစ်ပဲပေါ့"

"ဟုတ် ငုဝါသူငယ်ချင်းတွေမို့ သားတို့မောင်နှမကိုလည်း ဂရုစိုက်ပေးပါ"

"မစိုက်ပါဘူးဘာဆိုင်လို့တုန်း"

ပြောမိတဲ့ ကျော်ထွေးမှာ စကား‌မတုံ့ပြန်နိုင်တော့ပဲ နင်သွားရသည်။ သို့သော် ညီမဖြစ်သူဖွေးကတော့ တကယ့်ကိုမှ စွာတေးဖြစ်နေတဲ့အခါမှာ ‌-

"ဒီမှာအစ်မကြီး ကောင်းကောင်းမွန်မွန် ပြောလည်းရတယ်နော် ကလေးတွေဆိုပြီး အနိုင်လာမကျင့်နဲ့ "

"အောင်မယ် စကားကြီးစကားကျယ်နဲ့ဒီဟာလေးကတော့ ငယ်လေးဘယ်လိုလူတွေနဲ့သူငယ်ချင်းဖြစိနေတာလဲ"

"နေ‌..နေကြပါဦး ဘာဖြစ်နေကြတာလဲဟင် ငုဝါက အကုန်လုံးကို ခင်စေချင်လို့ကို မခင်ပဲရန်ဖြစ်နေကြတယ်"

မူပိုင်နှင်းဆီWhere stories live. Discover now