အပိုင်း(၁၈)

2.6K 250 5
                                    

Unicode

"မမနွယ် မမနွယ် ပြန်လာပြီထင်တယ်!"

"ကဲ ခဏနေတွေ့ရတော့မှာပဲကို လာလာသွားကြိုကြရအောင်"

မတွေ့ရတာကြာပြီဖြစ်တာကြောင့် အမြဲတွေ့ချင်ခဲ့ရသည်။တကယ်တွေ့ရမည်ဆိုတော့ ခြေဖျားလက်ဖျားတွေအေးပြီးဒူးတွေပါမခိုင်ချင်တော့။ ရင်ထဲကနှလုံးသားကလည်း အပြင်ရောက်လာတော့မတတ်ခုန်နေသေးပြန်သည်။ ကားအဖြူလေးပေါ်ကဆင်းလာသည့် နှင်းဆီသခင်မလေးကတော့ ကဗျာဆန်တာထက် မဟာဆန်လှပါသည်။

"အင်း အမူအကျင့်တွေ မပြောင်းသေးဘူးပဲ"

ခါးထိရှည်သော ဆံနွယ်ပျော့ပျော့တွေက ဝဲခနဲ။ သူ့သင်္ကေတနှင်းဆီနီနီတစ်ပွင့်ကတော့ ထုံးစံအတိုင်း ဆံနွယ်နက်တို့ထက် ငွားငွားစွင့်စွင့်နေရာယူလျက်ပင်။ ရင်ဖုံးခါးတို ဆင်စွယ်ရောင်ပြောင် လက်စကအင်္ကျီလေးက ကြက်သွေးရောင်အောက်ခံပေါ်ဝယ် ဆင်စွယ်ရောင်ကနုတ်ဆင်တို့စီခြယ်ထားသော ထမီလေးနှင် ပနံသင့်လှစွာ။ ခြေဖမိုးဖြူဖြူကိုတော့ နီညိုရောင် ကတ္တီပါခြေညှပ်ဖိနပ်လေးက ပိုလို့ပေါ်လွင်အောင် ထောက်ပံ့ထားပေးပြန်သည်။

ယဥ်နိုင်လွန်းတယ်။လှနိုင်လွန်းတယ် မမနွယ်။ငုဝါရဲ့မမနွယ်။

"မလေး မလေး သွားမကြိုတော့ဘူးလား ရပ်ကြည့်နေလိုက်တာကွယ် ညည်း မမနွယ်အစစ်ပါ"

"ဟို..ဟို..ကြိုမှာပေါ့ ငေးမိတာကလည်း မမနွယ်ကတအားလှလာတာကို"

"မလေးကတော့ကွယ် အန်တီခရီးပန်းလာရောပေါ့ ပေးပေး မြတ်သယ်သွားလိုက်မယ်နော်"

"အေးပါသမီးရယ် အသက်ကစကားပြောနေပြီ အရင်ကဆို ဒေါင်ဒေါင်မြည် ဒီခရီးလောက်ကတော့ မူယာတို့ကပျင်းတောင်ပျင်းသေး ခုတော့ ဟင်ဟင်မြည်လို့ကွယ်"

"ဟီး အန်တီကပေါက်ပေါက်ရှာရှာသိပ်ပြောတာပဲ"

"အန်တီ့ရဲ့ ချစ်တူကြီးရော အန်တီရော ညီမဖြစ်သူရော ပြန်လာတာတောင် အလုပ်မနားဘူးလား ဒင်းကတော့"

"မနားတာမဟုတ်ဘူး အန်တီရေ မလေးငုဝါအဖေခေါ်လို့လေ ပွဲရုံကိစ္စရယ်ပါ ခဏနေပြန်လာမှာ"

မူပိုင်နှင်းဆီWhere stories live. Discover now