အပိုင်း(၁၃)

2.4K 225 2
                                    

Unicode

စာမေးပွဲဖြေဖို့ရာ အနည်းငယ်ကြောက်တတ်သည့်အကျင့်ကြောင့် အခါတိုင်းလို ဘေးနားဆီက မမနွယ်မရှိတာသိပ်သိသာလှသည်။မမနွယ်သာ ရှိနေပါလျှင် ငုဝါကြောက်မနေပေ။ ဒါကလုပ်ယူထားခြင်းမရှိသော စရိုက်လေးပင်ဖြစ်လို့နေပြီ။

“မလေး ငုဝါ ”

“ဟော မမမြတ်ပါလား ဘာလို့လဲဟင် ငုဝါကကျောင်းသွားတော့မို့”

“ညည်းမမနွယ်လေ ပေးခိုင်းလိုက်လို့ရော့”

“ဘာကြီး..အော် စာလား”

လက်ထဲသို့ ရောက်လာသော စာရွက်ခေါက်ရက်လေး။ မမနွယ်က လူကိုအမျိုးမျိုးပြုမူနေတော့တာပါပဲ။ စာတွေတစ်သီကြီးပို့တုန်းကဖြင့် တစ်စောင်တစ်လေတောင် မပြန်ခဲ့ပါပဲနဲ့။ခုကျစာတဲ့။ ငုဝါအကြောင်းသိသူလို့ကိုမပြောရဘူး။

“ခုဖတ်ကြည့်လို့ဖြစ်ရဲ့လားဟင်”

“မလေးသဘော အစ်မသွားပြီနော် စာလည်းသေချာဖြေလာခဲ့”

“ဟုတ်မမမြတ်”

မမမြတ်ထွက်သွားသည်နှင့် လက်ထဲရှိ စာခေါက်လေးအား ဖွင့်လျက်ဖတ်မိတော့-

“စာမေးပွဲဆိုတာက ကြောက်စရာမဟုတ်ဘူးနော် ငယ်လေး ကြောက်လာရင် အစ်မရှိနေတယ်လို့တွေးပြီး စာကို အကောင်းဆုံးဖြေခဲ့နော်”

စာရွက် တစ်ပြင်လုံးမှာမှ အကုန်အစင်စာလုံးတွေက ဒီလောက်လေးပါပဲ။ခပ်တိုတိုခပ်ရှင်းရှင်းစာလေးဆိုပေမယ့်လို့ လက်ခံရရှိသူရဲ့ မျက်နှာထက်ဝယ် အပြုံးတို့ သယ်ဆောင်နိုင်စွမ်းရှိလေသည်။

“သိပ်လည်းတတ်နိုင်တာပဲ မမနွယ်”

နှုတ်ခမ်းပါးပါးလေး လှုပ်ခတ်ရုံမျှ ရေရွတ်ရင်း ပြုံးတုံ့တုံ့ပင်။ဘယ့်နှယ် ဒီစာလေးက သိပ်ကို ထူးခြားလိုက်ပါဘိ။

ဆယ်တန်းဆိုတာ အင်မတန်နတ်ကြီးသတဲ့။ နွယ်ကတော့ မကြောက်ပေါင်။ ကြောက်နေလို့လည်း ပြီးသွားမယ့်အရာတွေမှမဟုတ်ပဲ။
စာမေးပွဲကိုသိပ်ကြောက်တတ်တဲ့ ခလေးမလေးတစ်ယောက်ကတော့ နွယ့်စာလေးကြောင့် ကောင်းကောင်းဖြေဆိုနိုင်ခဲ့သတဲ့။သိသိရချင်းတုန်းကဆို နွယ့်မှာ အပျော်လွန်ခဲ့ရသေးသည်။

မူပိုင်နှင်းဆီDove le storie prendono vita. Scoprilo ora