အပိုင်း(၈)

2.8K 241 3
                                    

Unicode

-အစ်မက တောင်းပန်ပါတယ် ငယ်လေးရယ်-

မိမိလက်တွေကို ဖြုတ်ချရင်း အတန်းထဲဝင်သွားတဲ့ကျောပြင်ငယ်အား ငေးကြည့်ရင်း သက်ပြင်းချကာ ရေရွတ်မိခြင်း။

‌ဖွေးတစ်ယောက်ကတော့ ငိုလာတဲ့ ငုဝါအား အားနာနေမိသည်။ ကိုယ့်ကြောင့် ဘာမှမဟုတ်ပဲအဆူခံလိုက်ရသည်မလား။တကယ်ဆို ငုဝါမှမမှားပဲကို။ငုဝါအပေါ်မှာ အဲ့အစ်မက ဘာလို့ သိပ်စိုးမိုးနေရတာလဲ။မလွန်လွန်းဘူးလား။

"ငုဝါ ငါတောင်းပန်ပါတယ်နော် ငါ့ကြောင့်မို့ အပြောခံရတာ တကယ်ဆိုနင့်အမှားမှမဟုတ်ပဲဟာ ပြန်ပြောပါ့လား အဲ့အစ်မကြီးကသိပ်လွန်လွန်းတယ်"

"မမနွယ်မကြိုက်တာ ငါလုပ်မိလို့ဆူတာပါ မမနွယ်ကငါ့ကို ချစ်ပါတယ် အဲ့လိုမပြောပါနဲ့"

ဖွေးခံပြင်းမိပါသည်။သူကသာ သူကသာလေ ငုဝါငယ်ဆိုတဲ့ ကောင်မလေးကို ခင်တွယ်မိနေတာ။ငုဝါကကျ မမနွယ်ဆိုတဲ့ သူ့အပေါ် အော်ဟောက်နေတဲ့ အစ်မကြီးကိုမှ သိပ်ခင်တွယ်နေသည်။ ကိုယ့်ကိုယ်ကျ ရှိတယ်တောင်ထင်ပုံမရသည်အထိ။တရားပါတယ် သိပ်တရားလွန်းပါတယ် ဟောဒီကမ္ဘာကြီးက။

ကျောင်းပြောင်းပြီး ပထမဆုံး တက်ရသည့်နေ့မို့ ပျော်ရမလားမှတ်တယ်။အမလေး ငုဝါငယ်ကို လုနေကြရင်း ရန်ပွဲဖြစ်နေသည့် မိန်းကလေးနှစ်ယောက်ကြောင့် ကျော်ထွေး အသက်တောင်မရှိတော့ဘူးလို့တောင်ထင်မိသည်အထိ။ ကိုယ့်ဘာသာပဲ အတန်းထဲဝင်ထိုင်ရင်း သူငယ်ချင်းရှာရတော့သည်။ သူငယ်ချင်းရှာရအောင်ကလည်း ညီမဖြစ်တဲ့ ဖွေးလောက်ပင် ပြောရဲဆိုရဲမရှိသောအခါ။

"ဟိုလေ..ဒီနား လူရှိလားဟင်"

အတန်းရဲ့ ဒုတိယမြောက်ခုံတန်းရှိ ကောင်လေးအား မေးလိုက်ခြင်း။

"အသစ်လား မင်းက"

"အင်းဒီနေ့မှ ပြောင်းလာတာ"

"အော် လာထိုင်လေ"

"အင်းကျေးဇူးပဲ"

"ရပါတယ်ကွ ငါလည်း အသစ်ပါပဲ မင်းထက်တစ်နှစ်စောရောက်ရုံလေး"

"ဟုတ်လား"

"ငါ့မှာလည်း သူငယ်ချင်းမရှိဘူး ငါတို့ သူငယ်ချင်းလုပ်ကြမလား"

မူပိုင်နှင်းဆီWhere stories live. Discover now