အပိုင်း(၅)

3.1K 258 1
                                    

Unicode

နေ့လည်ထမင်းစားချိန်အပြီးကျောင်းတက်ချိန်တွင်တော့ ကျောင်းအုပ်ဆရာမကြီးမှာ ပြသနာဦးတည်ရာအတန်း၏ အတန်းပိုင်အားခေါ်ခိုင်းရတော့သည်။

"သမီးဝတ်ရည်ရေ ဒုတိယတန်း(က)ရဲ့အတန်းပိုင် ဆရာမကဗျာကို သွားခေါ်ပေးပါဦးကွယ် ခုချက်ချင်းလာခဲ့ဖို့ပါပြောခဲ့နော်"

"ဟုတ်ကဲ့ ဆရာမကြီး"
ခဏအကြာတွင်တော့

"ဆရာမကြီး သမီးရောက်ပါပြီ"

"အော်အေးသမီးထိုင်ဦး"

"ဟုတ်"

"ဒီမနက်ဆရာမကြီးရုံးခန်းထဲအထိ တိုင်စာတစ်ခုရောက်လာတယ်"

"ရှင်! ဘယ်လို"

"သမီးအတန်းထဲက ကလေးတွေကို သေသေချာချာလေးထိန်းပေးစေချင်တယ်"

"ဘယ်လိုကြောင့်လဲဟင် ဆရာမကြီး သမီးနားမလည်လို့ပါ ပြီးတော့အတန်းထဲ ကလေးတွေက အဲ့လောက်မဆိုးပါဘူး"

"ဒီလိုသမီးရဲ့အတန်းထဲက နွယ်ရူပါဆိုတဲ့ကလေးကို တခြားကလေးတွေက စကားနဲ့ စိတ်ဒဏ်ရာဖြစ်လောက်တဲ့အထိ အနိုင်ကျင့်ခံနေရတယ်တဲ့ အဲ့ဒါဒီမနက် သူ့အစ်ကို ကိုယ်တိုင် လာတိုင်သွားတယ်"

"ဟုတ် သမီးကလေးတွေကို ထိန်းပါ့မယ်ဆရာမကြီး ကလေးတွေကငယ်သေးတော့မသိတာပါ အပြစ်မမြင်ပါနဲ့နော်"

"ဆရာမကြီးကဒီအတိုင်းခေါ်ပြောတာပါကွယ် တခြားဘာလို့မှရယ်တော့မဟုတ်ပါဘူး အဲ့ကလေးစိတ်ထိခိုက်တာမနည်းတော့ဘူးတဲ့လေ"

"ဟုတ်ကဲ့ဆရာမကြီး"

"ကဲကဲ သမီးသွားတော့လေ ဆရာမကြီးလည်း လုပ်စရာရှိတာ လုပ်ဦးမယ်"

"ဟုတ်ကဲ့သမီးကိုခွင့်ပြုပါဦးရှင့်"

"အေးအေးသမီး"

ဆရာမကဗျာခေါင်းထဲတွင်တော့ မေးခွန်းတွေ ပြည့်နှက်နေသည်။ဘာလို့ဆို သူ့အခန်းထဲမယ် ဆိုးသွမ်းတဲ့ကလေးမှမရှိပဲ။ အကုန်လိမ္မာကြသည်သာ။ဒါပေမယ့် ဘယ်လိုကလေးကများ-

"သမီးနွယ်ရူပါ ခဏလေးလာပါဦး"

အတန်းထဲရောက်သည်နှင့်ပြသနာကရှင်းရတော့မည်ကို။

မူပိုင်နှင်းဆီWhere stories live. Discover now