အပိုင်း (၄)

3.2K 264 1
                                    

Unicode

နံနက်ခင်းရဲ့အစ ပြတင်းပေါက်မှတစ်ဆင့်ကျရောက်လာသော နေရောင်ခြည်ကြောင့် နွယ်နွယ်တစ်ယောက်လူးလွန့်ကာ နိုးလာရသည်။
ဒီနေ့အဖို့ ကျောင်းသွားရမည်မှာ အခါတိုင်းနေ့များထက်ပင် တက်ကြွနေရသည်။ အကြောင်းကတော့ ကိုကိုကြီးကိုယ်တိုင် ကျောင်းလိုက်ပို့မည်ဆိုသောကြောင့်ပင်။အိပ်ယာမှထကာ ရေမိုးချိုးဖို့ ရေချိုးခန်းဆီသို့ အပြေးလေးသွားတော့သည်။ ရေချိုးခန်းမှ ထွက်လာပြီး ပြင်ဆင်စရာပြင်ပြီးသည်နှင့် လွယ်အိတ်ဆွဲကာ ဆင်းလာခဲ့သည်။

"အမယ် နွယ်နွယ် အပျော်တွေလွန်နေတာကြည့်စမ်း ကိုကိုကြီးလိုက်ပို့မှာဆိုတော့"

"ဟီး"

"ဒါဆိုရင်တော့ မမမြတ် စိတ်မကောင်းဖြစ်ပြီကွာ"

မိမိလက်ကိုလက်သေးသေးလေးတွေဖြင့်ဆုပ်ကိုင်ရင်း

"နွယ်နွယ်က မမမြတ်လိုက်ပို့လည်းပျော်ပါတယ်နော် ကိုကိုကြီးက တစ်ခါမှလိုက်မပို့တော့ နည်းနည်းလေးပျော်မိသွားတာပါ"

"ဟုတ်ပါပြီရှင် မမမြတ်ကစတာပါ လာလာအဆာပြေစာလေးစားသွားဦး ကိုကိုကြီးကခြံထဲကစောင့်မယ်တဲ့"

"ဟုတ်မမမြတ်"

ထမင်းစားသောက်ပြီး ခြံထဲသို့မမမြတ်ကလိုက်ပို့တော့ ကိုကိုကြီးကဆိုင်ကယ်ပေါ်တောင်ရောကနေပြီဖြစ်သည်။

"မမမြတ်"

"ရှင်"

"နွယ်နွယ့်ကို ပန်းခူးပေး"

"အော် နှင်းဆီသခင်မလေးကတော့ မေ့မယ်ထင်တာ မမေ့ပါ့ပဲရှင့်"

"ဟီး ခူးပေးနော်"

"ဟုတ်ကဲ့ပါရှင်"

နွယ်ရူပါဆိုတဲ့ ကလေးမလေးရဲ့ မပါမဖြစ်သောအစိတ်အပိုင်းက နှင်းဆီနီနီတွေပါတဲ့။

"ကဲရော့ပါရှင်"

"မမပန်ပေးလေ"

"ဟုတ်ပါပြီရှင်"

ခေါင်းလုံးလုံးလေးထက် ပန်ပေးလိုက်တော့ ခုမှပိုပြည့်စုံသွားသယောင်။

"ကိုကိုကြီး"

"ဗျာ"

"ငယ်လေးကိုဝင်ခေါ်မယ်နော်"

မူပိုင်နှင်းဆီWhere stories live. Discover now